သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-03
မလေးရှားနိုင်ငံကိုတင်ပို့မဲ့ ကျပ်ငွေ ၆၉ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်မူးယစ်ဆေး နှစ်ဒသမသုံးတန်ကို ဖျာပုံမြို့နယ်ကနေ ပင်လယ်ဝကိုထွက်ခွာတော့မဲ့ ကုန်တင်စက်လှေတစ်စင်းပေါ်မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2024-08-03
ပြည်ပကိုထွက်ခွာမဲ့လူငယ်တွေကို သြဂုတ်လ ၁ ရက်နေ့ကစလို့ အထောက်အထားမပြည့်စုံလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်ပထွက်ခွာခွင့်ကိုကန့်သတ်ထားပြီး အာဏာပိုင်တွေက လေဆိပ်ကနေပြန်လွှတ်တာတွေ ရှိနေပါတယ်။
2024-08-03
လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ လားရှိုးမြို့ရဲ့ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-08-03
မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မြို့ပေါ်က မြေအနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ရွာတချို့ ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-03
စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် တောင်ငူမြို့နယ်က စစ်တောင်းမြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ ရွာဆယ်ရွာထက်မနည်း ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-03
မေခ၊ မလိခ မြစ်ဆုံအထက်ဘက်မှာရှိတဲ့ အင်ဆွပ်ဇွပ်ရွာက စစ်ကောင်စီ တပ်စခန်းကို ဩဂုတ်လ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ (KIA)နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။
2024-08-03
ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-03
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ခွဲအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့တွေနဲ့ ကယားပြည်နယ်တို့မှာ စစ်ဘေးဒုက္ခသည်တွေအပါအဝင် အရပ်သား ၆၆၇ ဦး သေဆုံးခဲ့ပါတယ်။
2024-08-02
တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ပတ္တမြားစေတီအနီးတစ်ဝိုက်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ခုနစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
2024-08-02
အစိုးရက ကြိုတင်သတိပေးထားပေမဲ့ သီရိလင်္ကာ ၈၉ ဦးဟာ အလုပ်အကိုင်အတွက် မြန်မာနိုင်ငံကို တရားမ၀င် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
2024-08-02
စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်က သူ့ရဲ့ တယ်လီဂရမ်လူမှုကွန်ရက်မှာ ရေးသားထားတာပါ။
2024-08-02
အမျိုးသမီး ၁၁၁ ဦးနဲ့ အမျိုးသား ၂၂၃ ဦး စုစုပေါင်း ၃၃၄ ဦးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ၃၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
2024-08-02
စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ဒေသခံအရပ်သား အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
2024-08-02
မှော်ဘီမြို့နယ်အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းကနေ ယူရိုကော်ပတာ အမျိုးအစား ရဟတ်ယာဉ်တစ်စင်းဟာ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ပျံသန်းပြီးမကြာခင် ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2024-08-02
ပုဂ္ဂလိက တက္ကသိုလ်ကျောင်းအားလုံးကို တက္ကသိုလ်အဆင့်ကနေ ကောလိပ်အဆင့်သတ်မှတ်ဖို့ ဇူလိုင် ၂၆ နေ့က စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။