သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-25
ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးအဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ် လိုက်တာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ထောက်ခံကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-11-25
ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီ ပြင်ဆင် သွားနိုင်ဖို့အတွက် ၆ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-25
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးအတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ် သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။
2014-11-25
တရုတ်ပြည်မြောက်ပိုင်း မွန်ဂိုလီးယား အတွင်းပိုင်းဒေသမှာ မြန်မာအမျိုးသမီးတွေ ကို ဇနီးမယားအဖြစ် ရောင်းချ ဖို့ ခေါ်ဆောင်ထိန်းသိမ်းထားတဲ့ ၃၁ ဦးပါ လူမှောင်ခိုအဖွဲ့ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
2014-11-25
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်းသင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ဆုတောင်းပွဲတစ်ရပ်ကို တိုင်းရင်းသား လူငယ်တွေစုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က လွတ်လပ်ရေး ကျောက်တိုင်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2014-11-24
လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေးနဲ့ ကျောင်းသား အရေးကိစ္စတွေ ကို ဖြေရှင်းနိုင်ဖို့ အတွက် ခေါင်းဆောင် ၄ ဦး တွေ့ ဆုံဆွေးနွေးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုနန္ဒာထွဋ်က ပြောပါတယ်။
2014-11-24
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေ မူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေး ပြီး ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-24
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရခိုင်ပြည် နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုး အဖြစ် ပြောဆိုသုံးနှုန်းခဲ့တာကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ဒေသခံ ၂ဝဝဝ ခန့်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-24
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် Nicholas Coppel ဟာ သြစတြေးလျမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တွေနဲ့ ဆစ်ဒနီမြို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့တွေ့ဆုံ ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
2014-11-24
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ ကန့်ကွက်သူ ၂၄ ဦး ရှိခဲ့ပြီး အတည်ပြုလိုက်ပါတယ်။
2014-11-24
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနက ရေး ဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားလိုက်ပါတယ်။
2014-11-24
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်းကို ဖမ်းဆီးထားတာ ၅လ ကြာနေပြီဖြစ်ပေမဲ့ အခုချိန်ထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး ကျော်စွာဝင်းနဲ့ နီးစပ်သူတွေ က ပြောပါတယ်။
2014-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်က အထူးကုဆရာဝန် ၂၅ ဦးဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်ကို မနေ့က ကျန်းမားရေးစောင့်ရှောက် မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
2014-11-24
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရိုဟင်ဂျာလူမျိုး လို့ ခေါ်ဝေါ်သုံးနှုန်း ခဲ့တာကို ကန့် ကွက်ကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံ တစ်ထောင်ဝန်းကျင် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-11-24
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ OBO ခေါ် ပြည်ပအဆောက်အအုံ များ ဆောင်ရွက်ရေးဌာနက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ American Center ခေါ် အမေရိကန်ပြန် ကြားရေးဌာန အဆောက်အဦးသစ် တည်ဆောက်ရေး အတွက် ဗာဂျီးနီးယားပြည်နယ်၊ စပရင်းဖီးလ်မြို့အခြေစိုက် Enviro-Management & Research ကုမ္ပဏီကို လုပ်ကိုင် ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။