သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-19
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ဒီဇင်ဘာလမှာ တရားဝင် စတင်နိုင်ဖို့ အစိုးရဘက်က အဆိုပြုခဲ့ပြီး RCSS ဥက္ကဋ္ဌ ခရီးစဉ်နဲ့ ပတ်သက်လို့လည်း နှစ်ဖက်ကြေလည်မှုတွေ ရရှိခဲ့ပြီလို့ သိရပါတယ်။
2019-11-19
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ သပြေကျနဲ့ ပဲ့သဒူမှာ ဒေသခံအားလုံး ပြေးနေရပါတယ်။
2019-11-19
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်တဲ့အမှုအတွက် ပထမဆုံးကြားနာပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်အကြောင်း ICJ ကုလသမဂ္ဂတရားရုံးက ဒီနေ့ အချိန်စာရင်းထုတ်ပြန်လိုက်ပါတယ်။
2019-11-19
မြန်မာနိုင်ငံကို နိုင်ငံတကာက အရေးယူပိတ်ဆိုမှုလုပ်ဖို့ အရှိန်မြင့်တက်နေချိန်မှာပဲ ဂျပန်လေတပ်က ထောက်ပို့လေယာဉ်အကြီးစား C 2 အမျိုးအစားနဲ့ ရန်ကုန်ကို ရောက်ရှိလာပြီး ဂျပန်-မြန်မာ လေတပ်အရာရှိအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
2019-11-18
ဧရာဝတီတိုင်းအတွင်း ရက္ခိုင့်ပြက္ခဒိန်ရောင်းချမှုနဲ့ ဖမ်းဆီးခံနေရတဲ့ ရခိုင်အမျိုးသား တစ်ဦးအပါအဝင် လေးဦးကို ငပုတောခရိုင်တရားရုံးက မနေ့က ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2019-11-15
မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
2019-11-15
AA ရခိုင့်တပ်တော်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် AA က ကမ်းလှမ်းထားတဲ့ သုံ့ပန်းလဲလှယ်ရေး အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2019-11-14
KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ ပဏာမ အပစ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ အမေရိကန်သံအမတ်ကြီး Scott Marciel က ပြောကြားလိုက်ပါတယ်။
2019-11-11
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) ကို OIC လို့ ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မနေ့က တင်သွင်းလိုက်ပါတယ်။
2019-11-06
တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးရမိပြီး ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံဘက် ခေါ်ဆောင်လာခဲ့ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးချမ်းမြေ့စောက RFA ကို ပြောပါတယ်။
2019-11-04
မိုးလေဝသပညာရှင်ဦးထွန်းလွင် နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
2019-11-04
မည်သည့် ဘာသာ၊ အယူဝါဒကို ကိုးကွယ်ယုံကြည်သူဖြစ်စေ ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ လူသားအချင်းချင်း တစ်ဦးကို တစ်ဦး မေတ္တာထားဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
2019-11-01
တပ်မတော်ကို သံချပ်နဲ့သရော်တဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဟာ လူတွေရဲ့ ဉာဏ်ကွန့်မြူး ထုတ်ဖော်ပြသခွင့်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ Pen America အမေရိကန်ကလောင်ရှင်များအသင်းက ပြောလိုက်ပါတယ်။