သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-25
ရခိုင်ပြည်နယ်မှာ တပ်မတော်က AA ရခိုင်အဖွဲ့ကို ရည်ရွယ်ပြီး ဆောင်ရွက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးဆိုင်ရာ စီမံချက်တွေကို ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-24
အစိုးရဝန်ထမ်းတွေကို သင်တန်းပေးနေတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့ စစ်ဆေးတဲ့ကိစ္စကို ဝန်ထမ်းစည်းကမ်းအရ အရေးယူမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဒီနေ့ ပြောလိုက်ပါတယ်။
2018-12-24
လားရှိုး နည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ဟာ ဒီနေ့ နေပြည်တော်က ပညာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြစဉ် မူးလဲသွားခဲ့တဲ့အတွက် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို ပု့ိဆောင်လိုက်ရပါတယ်။
2018-12-24
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို ဒလမြို့နယ် ကမာကဆစ်ကျေးရွာ ဗိုလ်မင်းရောင်လမ်းပေါ်က စီမံကိန်းဧရိယာအတွင်း ဒီနေ့ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
2018-12-24
ရိုက်တာ သတင်းထောက် နှစ်ဦးဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာဖြစ်ကြောင်း သူတို့နှစ်ဦးရဲ့ ရှေ့နေက ဒီကနေ့ တိုင်းတရားရုံးမှာ အယူခံအတွက် လျှောက်လွှဲချက် တင်ခဲ့ပါတယ်။
2018-12-24
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာနားတစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-12-23
ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက် ၇ ချက်တောင်းဆိုပြီး လားရှိုးနည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ကို လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။
2018-12-23
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ခဲ့ရတဲ့ တရုတ်နိုင်ငံဘက်က အငှားကိုယ်ဝန်ဆောင် ကုမ္ပဏီရဲ့ အမျိုးသမီးအလုပ်သမားတွေ ရှာဖွေတဲ့ကြော်ငြာစာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က စုံစမ်းဖော်ထုတ်ပေးမယ်လို့ ပြောထားကြောင်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနက ပြောပါတယ်။
2018-12-23
မြောက်ပိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော်AA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ဟာ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေနဲ့ လာမယ့် ဇန်နဝါရီလလယ်ပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
2018-12-23
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ရဲဝန်ထမ်းတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ လဝကဝန်ထမ်းတွေ ပါဝင်ပတ်သက်တာမျိုးမလုပ်ဖို့ ရက္ခိုင့်တပ်မတော် AA က ကျည်ဆံတစ် တောင့်စီနဲ့ စာတစ်စောင်စီကို ဘူးသီးတောင်မြို့နယ်အတွင်းက ဒုရဲအုပ်တစ်ဦးနဲ့ အရပ်သားတချို့ကို မနေ့က ပေးပို့ခြိမ်းခြောက်လိုက်တယ်လို့ သိရပါတယ်။
2018-12-23
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်မှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အမျိုးအမည်မသိ လက်နက်ကိုင်တွေက ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးတဲ့နောက်၊ နယ်ခြားစောင့်ရဲတပ်သားတစ်ဦး ပျောက်ဆုံးနေခဲ့ရာက နှစ်ရက်အကြာ အဲဒီရဲတပ်သားရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2018-12-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ ကျေးရွာတွေမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ ကူညီဖို့သွားရောက်သူတွေကို မြန်မာ့တပ်မတော်က တောင်မင်းကုလားကျေးရွာကနေ တားမြစ်ပိတ်ပင်တာတွေ ဒီနေ့ စတင်လုပ်ဆောင်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2018-12-22
တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကြေညာပေးဖို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က လိုလားတဲ့အကြောင်း မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2018-12-22
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ နေအိမ် တွေမှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
2018-12-22
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တဲ့အတွက် ထောင်ဒဏ် အပြစ်ပေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို Pen Myanmar အဖွဲ့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်သူအဖြစ် ဒီနေ့ ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။