သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-26
ကလေးမြို့မှာ ယခုနှစ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူလေးဦးကို စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ပါတယ်။
2023-09-26
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူ လေးထောင်ကျော် မတရားသတ်ဖြတ်ခံခဲ့ရပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉၂ ဦးပါဝင်တယ်လို့ NLD လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
2023-09-26
တန့်ဆည်မြို့ ဈေးဟာင်းအနီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ဆိုင်မှာထိုင်နေတဲ့ လူငယ် သုံးဆယ်နီးပါးကို ဖမ်းဆီးသွားပါတယ်။
2023-09-26
ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စရဖ အရာရှိတစ်ဦးနဲ့ သူ့ကို လုံခြုံရေးယူပေးနေတဲ့ ရဲတပ်သားနှစ်ဦး စက်တင်ဘာ ၂၅ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-26
စစ်ကောင်စီကို အရေးယူနိုင်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၂၅ ရက်က တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
2023-09-25
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံနေကြသူတွေဘက်မှာ ဒရုန်းအသုံးပြုမှု အားသာလာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ စစ်ကောင်စီဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။
2023-09-25
မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ အွန်လိုင်းကနေ လိမ်လည်လှည့်ဖြားတဲ့ အလုပ်တွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းခံနေရတဲ့ မလေးရှားနိုင်ငံသား ရှစ်ဦးကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
2023-09-25
သူ့ရဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးဖို့ ရဲချုပ်က အစပိုင်းမှာ ငြင်းဆန်ခဲ့ပြီး CIBB ကော်မရှင်နာ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ရောက်လာမှ နေအိမ်ကို ဝင်ရောက်စစ်ဆေးခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
2023-09-25
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာမှာ စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို စစ်ကောင်စီက အစားထိုးခန့်လိုက်ပါတယ်။
2023-09-25
ရေဦးနဲ့ ဒီပဲယင်းမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ က အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2023-09-25
ဖားကန့်မြို့နယ်၊ မဂေါင်းတောင်ရွာမှာ သတ်ဖြတ်ခံရလိုက်ရတဲ့ အရပ်သား ကိုးဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်တွေနဲ့ ဒေသခံတွေက မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွရွာမှာ ဆုတောင်းပွဲလုပ်ခဲ့ပါတယ်။
2023-09-25
ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်က စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနဲ့ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
2023-09-25
အင်းစိန်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်ဟာ နှလုံးရောဂါနဲ့ စက်တင်ဘာ ၂၄ ရက်က သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-09-25
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပရယ်ဆော်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-09-25
ညောင်လေးပင်ခရိုင်က KNU ထိန်းချုပ်ထားတဲ့ ကျောက်ကြီးနဲ့ မုန်းမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က စက်တင်ဘာ ၂၄ မှာ သတင်းထုတ် ပြန်ပါတယ်။