သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-30
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ မနေ့ညနေက မီးပုံးပျံယမ်း ပေါက်ကွဲရာ ကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၄ ဦး မီးလောင်ဒဏ်ရာတွေရရှိကာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။
2017-10-30
ရွာလုံးကျွတ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင်ရောက်တဲ့ ရွာတွေရှိတဲ့အတွက် ပါတီဝင်အင်အား တိုးလာတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
2017-10-30
ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ နှစ်ပါတီပူးပေါင်းရေးလုပ်ငန်းတွေပြန်စဖို့ SNDP ဖက်ကသဘောတူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-10-30
အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2017-10-29
နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ထားတဲ့အပေါ် နိုင်ငံတော်သမ္မတ အနေနဲ့ ကန့်ကွက်ပေးဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က ဒီနေ့ တောင်းဆိုခဲ့ပါတယ်။
2017-10-29
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ချွန်ထက်တဲ့လက်နက်ကိရိယာတွေကို ကိုင်ဆောင် သွားလာခြင်းမပြုဖို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
2017-10-29
ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စီးပွားရေးဇုန်၊ စက်မှုဇုန်တွေနဲ့ ဟိုတယ်ဇုန် ကဏ္ဍတွေမှာ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံလို့ရနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည် တွင်းပြည်ပနဲ့ ဒေသတွင်းက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ရှင်းပြခဲ့ပါတယ်။
2017-10-29
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ အတွက် ရိတ်သိမ်းသူမရှိဖြစ်နေတဲ့ ပိုင်ရှင်မဲ့ စပါးဧကပေါင်း ၃ သောင်းခွဲခန့်ရှိပြီး အဲဒီစပါးတွေကို ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။
2017-10-29
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ သွားတဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ Relief International ကို တားမြစ်ရာမှာ ပါဝင်ခဲ့တဲ့ ရခိုင် အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်နှစ်ယောက်နဲ့ မြို့မိမြို့ဖ တစ်ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ မြေပုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2017-10-29
ပုပ္ပါးတောင်ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တောင်ကလပ် လေးဘက်လေးတန်မှာ နေအိမ်ဆောက် လုပ်တာ၊ မြေဖို့တာတွေမလုပ်ဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ဧရိယာတွေ သတ်မှတ်လိုက်ပါတယ်။
2017-10-28
မန္တလေးမှာ ခရီးသည်တွေကို အုပ်စုဖွဲ့အနိုင်ကျင့်တာတွေ ငွေပိုတောင်းတာတွေကို မန္တလေးစည်ပင်သာယာရဲတပ်ဖွဲ့က စီမံချက်ချမှတ်အရေးယူနေတယ်လို့ သိရပါတယ်။
2017-10-28
ချင်းပြည်နယ် ဖလမ်းမြို့မှာရှိတဲ့ လိုင်ဇိုးကျေးရွာကို ဖျက်သိမ်းပြီး ဖလမ်းမြို့ပေါ်ရပ်ကွက်အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ လိုင်ဇိုးမျိုးနွယ်စုဝင်တွေက မကျေနပ်တဲ့အတွက် ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ဆန္ဒပြမှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ထားတယ်လို့ သိရပါတယ်။
2017-10-28
ထိုင်းနိုင်ငံမှာ တစ်လကျော်ကြာတဲ့အထိ အလုပ်မရရှိတဲ့ MOU အလုပ်သမား ၄၅ ယောက်ကို ပို့ဆောင်ခဲ့တဲ့ အလုပ်သမားအကျိုးဆောင်ကုမ္ပဏီက ငွေကျပ် ၈သိန်းစီ လျော်ကြေးပေးတယ်လို့ သိရပါတယ်။
2017-10-28
အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီတွင်း သတိပေးအရေးယူတာတွေ ပြုလုပ်ထားတယ်လို့ ပါတီတိုင်ကြားစာစိစစ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။
2017-10-28
နေပြည်တော် လွှတ်တော်အဆောက်အအုံကို Drone ဒရုန်းနဲ့ မှတ်တမ်းရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ တူရကီသတင်းဌာနတစ်ခုရဲ့ သတင်းထောက် ၂ ဦးအပါအဝင် ၄ ဦးကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။