သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-24
ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထုတ်လုပ်တယ်လို့ ယူဆရကြောင်း၊ နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုရောင်းဝယ်ဖို့ ထိုင်းနယ်စပ်အနီးက သိုလှောင်ရုံကို သယ်လာပုံရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
2023-09-24
မြန်မာနိုင်ငံမှာနေထိုင်သူတွေ တရားမဝင် ကူးသန်းသွားလာနေတာနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတာတွေ များလာတာကြောင့် နယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုလာပြီး နယ်စပ်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
2023-09-24
ရေဖြူမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ခမောင်းချောင်းရွာက စစ်ဘေးဒုက္ခသည် ၁၀ ဦးကို ဖမ်းဆီးသွားပါတယ်။
2023-09-24
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့အတွက် တစ်ပတ်အတွင်း အရပ်သား ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
2023-09-24
ရေဦးမြို့နယ် မူးသာကုံးရွာနဲ့ ရွာသာလေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-09-23
ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေတွေထဲက ဆယ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ကောက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2023-09-23
နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြတဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။
2023-09-23
မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။
2023-09-23
မင်းကင်းမြို့နယ် မောက္ကတော်ရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့တဲ့ သင်္ဘောက ရုပ်အလောင်း ၁၀ ခုကို ဆားလင်းကြီးမြို့နယ်မှာ တွေ့ရှိထားပါတယ်။
2023-09-23
စစ်ကိုင်းမြို့ သာစည်ရပ်ကွက်က ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ ဒေါ်ထားထားဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ကျောင်းကိုလည်း ချိပ်ပိတ်လိုက်ပါတယ်။
2023-09-22
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရပ် ဖွဲ့စည်း ထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference - WCCCC) က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2023-09-22
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ စစ်တွေမြို့က ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ကျန်းမာရေးဆိုးရွားနေတဲ့အတွက် ဆေးကုသခွင့်ရဖို့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။
2023-09-22
မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီအနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
2023-09-22
ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်က ပြောလိုက်ပါတယ်။
2023-09-22
တန့်ဆည်မြို့ပေါ် စစ်ကောင်စီ တပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ဟောင်း နေရာနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.၀.က) ရုံးနေရာကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တန့်ဆည်မြို့အခြေစိုက် ကာကွယ်ရေးတာဝန်ခံတွေနဲ့ ဒေသခံတွေက ပြောပါတယ်။