သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-29
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ အလှူခံ သူတွေ အနေနဲ့ အသံချဲ့စက်တွေ အစား ဆောင်းဘောက်တွေကိုသာ အသုံးပြုဖို့ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကနေ စာထုတ်ပြန် တားမြစ်လိုက်ပါတယ်။
2016-09-29
တနသာၤရီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လျှောက် ထားပြီး စိုက်ပျိုးမှု မရှိတဲ့ မြေလွတ် ၊ မြေရိုင်းနဲ့ သစ်တောမြေ ဧက ၆ သိန်းကျော်ကို တိုင်းဒေ သကြီးအစိုးရက ပြန်လည်သိမ်းယူသွားမယ်လို့ တိုင်း အစိုးရအဖွဲ့က ပြောပါတယ်။
2016-09-28
ကယားပြည်နယ်က ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော် ကျော် အကုန် ကျခံပြီး တည်ဆောက်ခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမ ပျက်စီးနေတာကို ပြန်လည် စိစစ်ပေးဖ့ို အတွက် ကယားပြည်နယ် ကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တွေက ဒီကနေ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-09-28
အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော် ကာလက သိမ်းယူခဲ့တဲ့ နွားအကောင်ရေ ၉၀ ကျော်ကို ဘေးမဲ့ပေးဖို့ စီစဉ်ထားပေ မယ့် လက်ရှိမှာ အဲဒီနွားတွေဟာ ရွှေပြည်သာမြို့နယ် တရားရုံးမှာ အမူရင်ဆိုင်နေရကြောင်း အဲဒီနွားတွေကို သိမ်းယူခဲ့တဲ့ မျိုးချစ်ရဟန်းသံဃာများအဖွဲ့က ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။
2016-09-28
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတကို အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော်က ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2016-09-28
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမေရိ ကန်သံအမတ်ကြီး Scot Marciel ဟာ မြစ် ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-09-28
သတင်းမီဒီယာတွေကို ပုတ်ခတ်ပြောဆို ခဲ့တဲ့ MLM ခေါ် ဆင့်ပွားအရောင်းလုပ်ငန်း လုပ်ကိုင်တဲ့ Aim Star ကုမ္ပဏီရဲ့ တာဝန် ရှိသူ ဦးဂျိုးဇက်ကို သတင်းထောက်တွေက တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့နေတွေနဲ့ ပြင်ဆင်နေပါတယ်။
2016-09-27
ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စတဲ့ ဦးစီးဌာန ၅ ခုကို တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်ကို ထားရှိ ဖို့ ညွှန်ကြားချက်ကို ပြင်ဆင်လိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးက တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြား စာ ပေးပို့လိုက်ပါတယ်။
2016-09-27
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒီအစိုးရသက်တမ်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က အံဒင်ဒေသခံတွေကို ပြောလိုက်ပါတယ်။
2016-09-27
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင် ရွက်နေပြီး အမျိုးသားရင်ကြားစေ့ရေးမအောင်မြင် ဘဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လို့ အောင်မြင်မှာ မဟုတ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြော ပါတယ်။
2016-09-27
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာအုပ်စု တောင်နားကျေးရွာ က မြေ ၁၀ ဧကကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌက သိမ်းဆည်းဖို့ ဒေသခံရွာသားတွေကို ဖိအားပေးနေတဲ့ အတွက် ရပ်တန့်ပေးဖို့ဆိုပြီး ရွာသူ ရွာသား ၂၀၀ ကျော်က အစိုးရဆီ စာပေးပို့တိုင်ကြားထားပါတယ်။
2016-09-27
ရန်ကုန်မြို့က ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည် စုံဈေးမှာ ကျပ်သိန်းပေါင်း ၃သောင်း နီးပါးရှိတဲ့ BPI ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေး ဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်က ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။
2016-09-27
ဧရာဝတီမြစ်ဆုံ မြစ်ညှာတွေမှာ ဆောက် လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ချီဖွေမြို့နယ် နဲ့ ဆော့လော်မြို့နယ် ဒေသခံတွေက နိုင်ငံတော် သမ္မတထံ ဒီကနေ့ စာတင်ပြတောင်းဆိုလိုက်ပါတယ်။
2016-09-26
မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ အလွန်နီးစပ်နေပြီလို့ ယူနက်စကို အရာရှိတစ်ဦးကပြော ဆိုကြောင်း AFPသတင်းကဖေါ်ပြပါတယ်။
2016-09-26
စစ်ကိုင်းတိုင်း ခန္တီးခရိုင် နန်စီဘွန်ဒေသ က ရေမဆေးကျောက်ရှာဖွေသူတွေ ကို ကျောက်မျက်ဥပဒေနဲ့ လိုက်လံဖမ်း ဆီးနေတာတွေ ရပ်တန့်ပေးဖို့နဲ့ တရားဝင်လုပ်ကိုင်ခွင့် ရရှိဖို့ ရေမဆေးလုပ်သား နှစ်ထောင်က ဒီကနေ့ ခန္တီးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။