သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-02
တပ်မတော်က ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့တဲ့ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် ဒေသခံ သုံးယောက်အမှုအတွက် တရားမျှတမှုရရှိဖို့နဲ့ အမှန်တရားပေါ်ပေါက်ဖို့ အရပ်ဘက် အဖွဲ့အစည်း ၇၀ က စက်တင်ဘာလ ၁ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။
2020-09-02
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်ဖော့ကျေးရွာ အုပ်စုအတွင်းက ကျေးရွာတချို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) က တပ်သားသစ် စုဆောင်းနေလို့ဆိုပြီး ဒေသခံရွာသား နှစ်ရာကျော် လားရှိုးမြို့ပေါ်ကို စက်တင်ဘာ ၁ ရက် မနေ့ညက ထွက်ပြေးခဲ့ကြပါတယ်။
2020-09-02
ကချင်ပြည်နယ်မှာ တပ်မတော်သား မိသားစုဝင်တွေ ဆန္ဒမဲပေးမယ့် မဲရုံ ၅၃ ရုံရှိပြီး တပ်မိသားစုဝင်တွေ သီးသန့်ပေးရမယ့် မဲရုံတစ်ပဲရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။
2020-09-02
ကပ်ဘေးကာလမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအတိုင်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်အရေးယူကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2020-09-01
အခုရက်ပိုင်း ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရတဲ့သူတွေဟာ ပြည်ပနိုင်ငံတွေက ခရီးသွားလာခဲ့တာမရှိတဲ့အပြင်၊ ရောဂါကူးစက်ခံထားရတဲ့သူနဲ့လည်း ထိတွေ့တာမျိုးမရှိခဲ့ဘဲနဲ့ ရောဂါကူးစက်ခံနေရတာတွေတွေ့လာနေရတာကြောင့် အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။
2020-09-01
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာမှာ မနေ့ညနေက ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦး သေဆုံးသွားသလို တပ်မတော်စစ်ကြောင်းတွေက အနီးအနားကျေးရွာတွေမှာပါ ရွာသားတွေကို ဖမ်းဆီး စစ်ဆေးနေတာတွေကြောင့် ဒီနေ့မနက်က ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံ ကျေးရွာသားတွေကပြောပါတယ်။
2020-09-01
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဆီး အရေးယူခံထားရတဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးအောင် အမှုကို ဒီကနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တချို့နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ လာရောက် ဝန်းရံခဲ့ကြပါတယ်။
2020-09-01
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်မှာ ဒီနေ့ညနေက လာရောက် တွေ့ဆုံခဲ့ပါတယ်။
2020-09-01
တရုတ်-မြန်မာနယ်စပ်က ယူနန်ပြည်နယ် ကျယ်ဂေါင်မှာရှိတဲ့ မြန်မာကုန်ဂိတ်တွေကို စက်တင်ဘာ သုံးရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ နယ်စပ်မှာရှိတဲ့ မြန်မာကုန်ဂိတ်ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။
2020-09-01
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုများနေချိန်မှာ ရွေးကောက်ပွဲကို နောက်ဆုတ်သင့်တယ်လို့ ဝေဖန်ချက်တချို့ရှိနေပေမယ့်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တိကျတဲ့ ဥပဒေပြဌာန်းချက် မရှိတဲ့အတွက် မူလသတ်မှတ်ထားတဲ့အတိုင်းသာ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီအများစုက လိုလားနေပါတယ်။
2020-09-01
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲပြစ်တင်မှုနဲ့ ဝန်ကြီးချုပ် ရာထူးကနေ ရပ်ဆိုင်းဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2020-08-31
သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၁၀၀ ခန့်ရှိခဲ့ပါတယ်။
2020-08-31
လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
2020-08-31
၂၀၁၉ ခုနှစ်အတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လုပ်ငန်းစဉ်နဲ့ ရှေ့ပြေးရလဒ်ကို ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့အင်အားဦးစီးဌာနက မြန်မာနိုင်ငံမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် နည်းပါးလာနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
2020-08-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားသူ ကိုယ်စားလှယ်လောင်း ၁၁၂၉ ယောက်ထဲက တစ်ယောက်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ချခံလိုက်ရပါတယ်။