သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-26
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ရာကျော်ကို မြန်မာ အာဏာပိုင်တွေက ရှမ်းပြည်နယ်တစ်နေရာမှာ ကယ်တင်နိုင်ခဲ့တယ်လို့ ကြာသာပတေးနေ့က ထိုင်းတာဝန်ရှိသူ တွေကို အကြောင်းကြားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
2023-10-26
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပြီးနောက် အလောင်းငါးလောင်းတွေ့ခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။
2023-10-26
ကမ္ဘာတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁၁၄ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက မနေ့က ခန့်မှန်းလိုက်ပါတယ်။
2023-10-26
မြို့သာ - မြင်းခြံ ကားလမ်းဘေးရှိ ထန်းတစ်ပင်ကျေးရွာက မီးသွေးလုပ်ငန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အလုပ်လုပ်နေသူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
2023-10-26
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေပြီး မောင်တောမြို့နယ်ကို ပြန်ဝင်လာတဲ့အသက် ကိုးနှစ်ကနေ ၁၆ နှစ်ကြား ရိုဟင်ဂျာကလေးငယ် လေးဦးကို စစ်ကောင်စီရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2023-10-26
အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း မြို့နယ်ငါးမြို့နယ်က ကလေးငယ် လေးဦးအပါအဝင် အရပ်သားအယောက် နှစ်ဆယ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-10-26
သိန္နီမြို့နယ်အတွင်းမှာ KIA တပ်ဖွဲ့ ရဲ့ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် သုံးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံလိုက်ရပါတယ်။
2023-10-26
အကျဉ်းထောင်တွေကို လည်ပတ်ကြည့်ရှုခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ ICRC တာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-26
အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ အောက်တိုဘာလ ၂၅ ရက် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
2023-10-25
ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားပါတယ်။
2023-10-25
ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ရွာတွေနဲ့ ရေနံမှော်တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
2023-10-25
NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း KIA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးစားမယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-10-25
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပေးဖို့နဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေ အပါအဝင် ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကိုယ်စားပြုမှုမရှိအောင် တားဆီးပိတ်ပင်ပေးဖို့ NUG နဲ့ NUCC က ဥရောပသမဂ္ဂထံ တောင်းဆိုလိုက်ပါတယ်။
2023-10-25
ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှုဟာ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်နေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
2023-10-25
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်ကြောင်းထိုးနေလို့ ရွာငါးရွာက ဒေသခံနှစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။