သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-30
ချင်းပြည်နယ်၊ ဟားခါးခရိုင်ထဲက ထန်တလန်မြို့ပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့် တစ်ရက်အတွင်း အိမ်ခြေ ၁၆၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ CDF - ထန်တလန် အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2021-10-29
အာဏာသိမ်း စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD ပါတီ ခေါင်းဆောင် ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) နဲ့ နေပြည်တော် သီးသန့်တရားရုံးက အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
2021-10-29
ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက လူနေအိမ်တွေ ဘုရားကျောင်းတွေကို ဖျက်ဆီးဝင် ရောက်ကာ ပစ္စည်းတွေကို ဥပဒေမဲ့ ယူဆောင်ပြီး မီးရှို့ခဲ့ပါတယ်။
2021-10-29
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ကို အရေးယူထားတဲ့ အဂတိအမှု လေးမှုကို ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2021-10-29
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အထွက် သရက်တောထဲမှာ အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) နဲ့ နေပြည်တော် သီးသန့်တရားရုံးက အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
2021-10-29
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာက စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ ရွာသား နှစ်ဦးနဲ့ ကန့်ဘလူမြို့နယ် မယ်စပ်တောရွာက ရွာသား တစ်ဦး အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက် ဒီနေ့တွေမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-29
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်ရုံး အောက်တိုဘာလ ၂၉ ရက် ဒီနေ့ မနက်အစော ၃ နာရီခန့်မှာ ဗုံးခွဲခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-29
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဂါးပေါက်ရွာက ရဲကင်းစခန်း အောက်တိုဘာလ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ ဒေသခံတွေပြောပါတယ်။
2021-10-29
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရှို့တဲ့မီးကြောင့် မနေ့က ညနက်ပိုင်းအထိ အိမ် ၂ဝဝ ကျော်ခန့် မီးလောင်ကျွမ်းခဲ့ပြီး ဆက်လက်တောက် လောင်ဆဲ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ အဆောက်အဦးတွေထဲမှာ ဘုရားရှိခိုးကျောင်း ၂ ခုလည်း ပါဝင် တယ်လို့ သိရပါတယ်။
2021-10-29
မြန်မာနိုင်ငံက မြင့်တက်လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဥရောပသမဂ္ဂ (EU) က ယူရိုငွေ လေးသန်း လှူဒါန်းလိုက်ပါတယ်။
2021-10-29
၂၀၁၉ ခုနှစ်က စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ပေါ် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ထဲက အချို့ကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းထားတယ်လို့ ပလက်ဝ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံက ပြောပါတယ်။
2021-10-29
လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ် (Facebook) ဟာ သူ့ရဲ့ကုမ္ပဏီနာမည်ကို Metaverse လို့ပြောင်းလဲကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာခ့်ဇူကာဘတ် က ကြေညာလိုက်ပါတယ်။
2021-10-28
ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ကုန်တင်ဆိပ်ကမ်းစီမံကိန်းတခုအတွက် အမေရိကန် ဒေါ်လာသန်း ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယနိုင်ငံက Adani ကုန်တင်ကုန်ချ ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ အောက်တို ဘာလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ လာမယ့်နှစ် ၂၀၂၂ ခုနှစ် မေလကနေ ဇွန်လအတွင်း အပြီးထွက်ခွာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
2021-10-28
နိုင်ငံတဝန်း မြို့နယ် ၄၆ မြို့နယ်က ကျောင်းတွေက လွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေက အခြေခံပညာကျောင်းတွေအားလုံးကို နိုဝင်ဘာ ၁ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာလိုက်ပါတယ်။