သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-30
မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်း ဆုံး ရွေးကောက်ပွဲစနစ် ၇ ခုကို ရွေးချယ်ပြီး လာ မယ့် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ထံတင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-09-30
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံ သား နှစ်ဦးကို ပြန်ပေးဆွဲရာမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ မန္တလေး ဗကသကျောင်းသူ မဖြူနှင်းထွေးကို ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် အာမခံနဲ့လွှတ်ပေးဖို့ အယူခံတင်ခဲ့ရာမှာ တရားရုံးက ပယ်ချလိုက်ပါတယ်။
2014-09-30
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နောင်တက် လာမယ့် အစိုးရအဆက်ဆက်အနေနဲ့ အကောင်အထည်မဖော်ဖို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရ တဲ့ ရွာသားတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2014-09-30
နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ခွဲခြားပြောဆိုမှုဟာ အရင်စစ်အစိုးရခေတ် က အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေကို အဆင့်အတန်း ချဆက်ဆံဖို့ သုံးစွဲခဲ့တဲ့စကားဖြစ်ပြီး ဒီစကားကိုပြော ဆိုသုံးစွဲတာဟာ ရိုးသားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2014-09-30
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ် စစ်သွေးကြွ ကွန်ရက်ထူထောင်ဖို့ ရောက် ရှိလာသူ ဗြိတိန်နိုင်ငံသား တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
2014-09-30
မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေ အဆုံး သတ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင် ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြော ဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက် မချကြဖို့၊ အပြစ်တင်မစောကြဖို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြား ခဲ့ပါတယ်။
2014-09-29
ခါကာဘိုရာဇီတောင်ထိပ်မှာ ပျောက်ဆုံးနေ တဲ့ တောင်တက်သမားနှစ်ဦးအတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေရင်း အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားတဲ့ ထိုင်းနိုင်ငံက B4 အမျိူးအစားရဟတ်ယာဉ်ဟာ နောင်မွန်း မြို့နယ် ဂါတုရွာအနီး ထိုးကျသွားတာတွေ့ရတယ်လို့ ရွာခံတစ်ဦးက သတင်းပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေးလုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ကို ပြောပါတယ်။
2014-09-29
မြန်မာအစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကို အပစ်ရပ်ပြီးညှိနှိုင်းဖို့ အောက်ခြေအဆင့်ကနေပြီး ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပေမဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇမိချောင်းပတ်ဝန်ကျင်းမှာ အစိုးရတပ်ဘက်က ပိတ်ဆို့တိုက်ခိုက်တာတွေ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြုလုပ်နေတုန်းပဲလို့ စုံစမ်း သိရပါတယ်။
2014-09-29
တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှု မရှိကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေကို လွှတ်ပေး ဖို့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့ (အထက်မြန်မာပြည်) ရဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက ဒီနေ့ မန္တလေးမြို့ တိုင်းတရား လွှတ်တော်ရုံးအနီးမှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
2014-09-29
နေပြည်တောင်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်း ရေအား လျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက်တယ်ဆို တဲ့ တောင်စောက်တောင်ထိပ်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
2014-09-29
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဟောပြော ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဗီနိုင်းတွေ ဓာတ်ပုံတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး ပွဲဖြစ်မြောက်ရေး ဦးဆောင်သူကို အသရေဖျက်မှု၊ ဂုဏ်သရေထိခိုက်စေမယ့် ပုံနှိပ်ဖြန့်ဝေမှု၊ ဘာသာအချင်းချင်းအကြား ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်မှုပုဒ်မတွေနဲ့ စွဲချက်တင်သင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးအောင် ဝင်းက ဒီနေ့ မြို့နယ်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
2014-09-29
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက် ပုံကို ပြောင်းလဲဖို့လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် က ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက ဒီနေ့ ပြည်သူ့ လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။
2014-09-29
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန်သပိတ်စခန်းကို လာ မယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ပေးရမယ်ဆိုပြီး ကျောက်တံတားမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေနဲ့ စည်ပင်အဖွဲ့တွေက ဒီနေ့ သတိပေးစာ ကပ်သွားတယ်လို့ သိရပါတယ်။
2014-09-29
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်ကြောင်း ကျေးရွာ သားတွေက ပြောကြားလိုက်ပါတယ်။
2014-09-29
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒီမိုကရေစီ အကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက် တိုက်ဖြစ်ပွားနေပေမဲ့၊ တချိန်တည်းမှာလည်း အောက်ခြေ အဆင့်ကစပြီး နှစ်ဘက်ဆွေးနွေးမှုတွေ ဆောင်ရွက်နေ တယ်လို့ မြဝတီမြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။