သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-28
စစ်ကိုင်းတိုင်းအတွင်းမှာ အခုနောက်ပိုင်း မိုင်းဆွဲတိုက်ခိုက်တာတွေ ပိုမိုဖြစ်ပွား လာပြီး အောက်တိုဘာလ ၂၇ ရက် မနေ့တစ်ရက်တည်းမှာတင် မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်း သုံးခုကို ဒေသခံအရပ်သား ကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
2021-10-28
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ် ကနေ မြန်မာပို့ကုန် လေးမျိုး တင်ပို့ခွင့်ပြုမယ်လို့ တရုတ်က စာထုတ်ထားကြောင်း ချင်းရွှေဟော်နယ်စပ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
2021-10-28
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူနှစ်ဦး အောက်တိုဘာလ ၂၈ ရက် ဒီနေ့ မနက် ၉ နာရီခန့် နေအိမ်မှာပဲ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-28
ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ အင်ဂျန်ယန် မြို့ အင်ဂွမ်လရွာက အထက်တန်းကျောင်းမှာ ကျောင်းသား ၄၀၀ ကျော် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိတာကြောင့် ရွာကို Lock down လုပ်ပြီး ပိတ်ထားတယ်လို့ KIA ရဲ့ ကိုဗစ် ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-10-28
မန္တလေးမြို့မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတွေနဲ့ KBZ ဘဏ်နဲ့ ဆက်စပ်တဲ့နေရာ အနည်းဆုံး ခုနှစ်နေရာမှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
2021-10-28
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာမှာ လင်မယား စကားများရန်ဖြစ်ချိန် စစ်ကောင်စီတပ်သားတွေ လာရောက်ရိုက်နှက်ခဲ့တာကြောင့် ၁၀ ရက်အကြာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အမျိုးသားဖြစ်သူ အသက် ၃၉ နှစ်ရွယ် အကြီးကောင် သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA ကို ပြောပါတယ်။
2021-10-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံပြီး အမှုပလပ်ပေးခံခဲ့ရတဲ့ မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို အမှုပြန်လည်စွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးသံဃသမဂ္ဂအဖွဲ့က မိန့်ပါတယ်။
2021-10-28
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာထဲ ပါဝင်ပေမယ့် အဲဒီနေ့မှာပဲ ပြန်ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထပ်မံ တရားစွဲဆိုခံထားရပါတယ်။
2021-10-28
တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန်မော်ရွာကြားက KKK ဂိမ်းဆိုင်မှာ အောက်တိုဘာလ ၂၇ ရက် မနေ့နေ့လယ်ပိုင်း ပစ်ခတ်မှုဖြစ်ခဲ့ တာကြောင့် ပြည်သူ့စစ်တစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။
2021-10-28
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြရပါတယ်။
2021-10-28
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းထိပ် Urban Asia Center က ကမ္ဘောဇဘဏ် (KBZ) ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို လက်နက်ခဲ ယမ်းတွေနဲ့ပါ ဖမ်းမိတယ်လို့ အောက်တိုဘာလ ၂၇ ရက် မနေ့မှာပဲ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
2021-10-28
ကိုဗစ် - ၁၉ ရောဂါကြောင့် နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်ထားတဲ့အထဲက မြို့နယ် ၄၄ ခုကို အောက်တိုဘာလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2021-10-27
မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တိုင်းရုံးအဆောက်အုံ အတွင်းပိုင်း အောက်တိုဘာလ ၂၇ ရက်၊ မနေ့ည ၁၂ နာရီလောက်က ဖောက်ခွဲခံ လိုက်ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-10-27
မြန်မာနိုင်ငံတဝန်း ပြည်တွင်းစစ်မီး ပျံ့နှံ့လာနေပြီဖြစ်လို့ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို ဖယ်ရှားပြီး ပြဿနာကို အပြု သဘောဆောင် ငြိမ်းခြိမ်းချမ်းချမ်း ဖြေရှင်းလိုတဲ့ အင်အားစုတွေနဲ့ အစားထိုး နိုင်ဖို့လိုကြောင်း မကြာခင် တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener က တိုက်တွန်းလိုက်ပါတယ်။
2021-10-27
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ရာဇသတ် ကြီးဥပဒေပုဒ်မ - ၅၀၅(ခ) အမှုအတွက် မနေ့က နေပြည်တော်တရားရုံးမှာ ကိုယ်တိုင်ခုခံချေပခဲ့ပေမယ့် အကျိုးဆောင်ရှေ့နေတွေကို အမှုအကြောင်း အပြင်မှာပြောဆိုခွင့် စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက် မနေ့က ထွက်ဆိုချက်အသေးစိတ်ကို အများပြည်သူ သိခွင့်မရကြပါဘူး။