သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-01
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင်တွေရဲ့ Biometric ခေါ် ဇီဝအချက်အလက်တွေ ရယူစုဆောင်းဖို့ ပြည်နယ်တိုင်းကို အကြောင်းကြားထားပြီးဖြစ်သလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မြန်မာနိုင်ငံနဲ့ သံတမန်လမ်းကြောင်းတွေ အရ ဆက်လက်ဆောင်ရွက်မယ်လို့ အိန္ဒိယ ပြည်ထဲရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
2018-10-01
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိန်းဂဏန်းတွေအရ တိုးတက်နေတယ်လို့ အစိုးရ တာဝန်ရှိသူတွေ က ပြောဆိုနေပေမယ့် လက်တွေ့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေး ပါတီပေါင်း ၂၇ ပါတီက မနေ့က ရက်စွဲနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
2018-10-01
ရန်ကုန်တိုင်း ဒေသကြီးရဲ့ ပထမဆုံး အမျိုးသမီး ဥပဒေချုပ် အဖြစ် ခန့်အပ်ခံရတဲ့ ဒေါ်ခင်မျိုးကြည်ဟာ ဒီကနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ဥပဒေချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
2018-10-01
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမထားဘဲ အပြီးတိုင် ဖျက်သိမ်းပေးဖို့ ပညာရှင်တွေ၊ ဒေသခံတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။
2018-10-01
ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာပုဒ်မ ၂၅(ခ) နဲ့ တရားစွဲဆိုထားတဲ့အမှုကို စွဲချက်တင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2018-10-01
ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2018-10-01
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက်(ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး အဓိကတရားခံကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးဘဲ စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
2018-09-30
မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး လုပ်ငန်းတွေ စတင်သင့်ပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ အားလုံးအတွက် ဘဝရှေ့ရေး အလားအလာကောင်းတွေ ဖန်တီးပေးရမှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန် က ပြောပါတယ်။
2018-09-30
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ဧပြီလကနေ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၆ လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၇ သန်းဖိုးရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
2018-09-30
ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့တစ်သားတည်းရှိကြောင်း ထောက်ခံဆန္ဒပြပွဲကို ထောက်ခံသူ ၃၀ ခန့်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2018-09-30
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့် မရှိဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2018-09-30
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂၀ တို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2018-09-30
ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာက မြန်မာအစိုးရကို ဝေဖတ်ရှုတ်ချလိုက်ပါတယ်။
2018-09-30
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ပလောင်လက်နက်ကိုင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်တာကြောင့် ဒီနေ့နေ့လယ်ပိုင်းမှာ သိန္နီမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2018-09-30
ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာဈေးကစားသူတွေထဲက လေးဦးကို အထူးစုံစမ်း စစ်ဆေးရေးဦး စီးဌာန စ သုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားပြီး နောက်ထပ်စစ်ဆေးမှုတွေ ဆက်လုပ်နေသေးတယ်လို့ စ သုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။