သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-18
မြန်မာနိုင်ငံနဲ့သင့်လျော်မယ့် ရွေးကောက်ပွဲ စနစ် ၃ မျိုးတွေ့ရတယ်လို့ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်က ဒီနေ့ကျင်းပတဲ့ နောက်ဆုံးအစည်းအဝေးကနေ ဆုံးဖြတ် လိုက်ပါတယ်။
2014-09-18
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဒေသခံတွေနဲ့အတူ ဝမ်ပေါင် ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ ဦး ကို ခေတ္တထိန်းသိမ်းရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသူ မဖြူနှင်းထွေး ကိုလွှတ်ပေးဖို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်ပါတယ်။
2014-09-18
ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2014-09-18
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ "ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု" အမည်နဲ့ အဖွဲ့သစ်တစ်ဖွဲ့ကို စစ်တွေမြို့မှာ ဒီနေ့ ဖွဲ့စည်းခဲ့ပါတယ်။
2014-09-18
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရေးဆွဲနေတဲ့ ဥပဒေတွေကို အစိုးရတာဝန်ရှိသူတွေ နားလည်အောင် ကြိုးစားနေရတာဟာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-09-18
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မ ပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ၇ နှစ်ပြည့် ရွှေ ဝါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-09-18
ပြီးခဲ့တဲ့ ဧပြီလက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ဆန္ဒပြ ခဲ့တဲ့အတွက် ထောင်ဒဏ် ၃ လစီ ချမှတ် ခံထားရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁ လ စီ လျှော့ပေးခဲ့ပါတယ်။
2014-09-17
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကွန်ပြင်ကျေးရွာက ဒေသခံခြောက်ဦးကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ အဆက်သွယ် ရှိတယ်ဆိုပြီး အစိုးရစစ်တပ်က ခေါ်ယူရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က COMREG ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-09-17
မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး က တပ်မတော်သားတွေအနေနဲ့ ကရင်ပြည် နယ်အတွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန်တားမြစ်ကြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူ ထားတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။
2014-09-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မြို့နယ် ခန်းမ ဆောက်လုပ်ဖို့လျာထားတဲ့ မြေနေရာဟာ ရှေးဟောင်းမြေနေရာနဲ့ မလွတ်ကင်းတဲ့အတွက် အဲ့ဒီနေရာမှာခန်းမ မဆောက်လုပ်ဖို့ မြောက်ဦးမြို့ခံတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရှေးဟောင်းသုတေသနဌာနကို လက်မှတ်ရေး ထိုးပြီး ကန့်ကွက်စာပေးပို့လိုက်တယ်လို့သိရပါတယ်။
2014-09-17
စက်ရုံပိတ်လိုက်တဲ့အတွက် နစ်နာကြေးပေးဖို့ ၃ လနီးပါးကြာ သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့ လှိုင်သာယာစက်မှုဇုန် ၃ က ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံ အလုပ်သမားတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖဲ့ွဝင်တွေ အကြား မနေ့ကဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ ပါဝင်ခဲ့တဲ့အလုပ်သမားတွေကို အရေးယူမှာမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးချစ်ဝိုင်းက ဒီနေ့ ပြောပါတယ်။
2014-09-17
ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီတွေရဲ့ဝင်ငွေနဲ့ နိုင်ငံတော်ကိုပေးဆောင်တဲ့ အခွန် အကောက်တွေကို အများပြည်သူသိရှိအောင် သတင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောခဲ့ပါတယ်။
2014-09-17
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာရပ်နားထားတဲ့ စက်လှေတစ်စီးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေရာ လက်ပစ်ဗုံး နှစ်လုံး ရှာဖွေတေ့ွ ရှိခဲ့ပါတယ်။
2014-09-17
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားများ ကုန် သလောက်ဖြစ်သွားပြီမို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ဖျက်သိမ်းဖို့ရှိတယ်လို့ သမ္မတရုံး ဒုတိယဝန်ကြီး လက်ကျန်နိုင်ငံရေး အကျဉ်းသားစိ စစ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သိမ်းက ပြော ပါတယ်။
2014-09-17
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဟန်သာမြင့်နဲ့ ဦးစိုးဝင်းတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ လေ့လာရေးခရီးစဉ် အဖြစ် ရောက်ရှိနေကြပြီး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်း ကူးပြောင်းရေးကိစ္စရပ်တွေကို အမေရိကန် လွှတ်တော် အမတ်တွေနဲ့ ဆွေးနွေးနေကြပါတယ်။