သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-21
အဖမ်းခံရသူတွေဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားကို တစ်ဦးအတွက် ဘတ်ငွေ တစ်သောင်းခြောက်ထောင် ပေးခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။
2025-01-21
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2025-01-21
ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်သုံးရာကျော်ကို ကျူးကျော်နေထိုင်သူတွေလို့ဆိုပြီး စစ်ကောင်စီတပ်နဲ့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မနက်ဖြန် နောက်ဆုံးထား ဖယ်ပေးဖို့ အသိပေးစာပို့ထားတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။
2025-01-21
စစ်ကိုင်းတိုင်း၊ ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရပါတယ်။
2025-01-21
ရွှေဘိုမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုစီးနင်းပြီး စာသင်ကျောင်းတစ်ကျောင်း အပါအဝင် နေအိမ် နှစ်ဆယ်ကျော် မီးရှို့ဖျက်ဆီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2025-01-21
စစ်ကောင်စီတပ်ရဲ့ လေကြာင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးပြီး နောက်ထပ် ၄၁၂ ဦး ဒဏ်ရာရတယ်လို့ BWU က ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2025-01-21
အာဏာသိမ်း လေးနှစ်အတွင်း စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ ရိုက်ထုတ်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး စံချိန်တင်ဖောင်းပွနေပါတယ်။
2025-01-21
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာက တစ်သျှူးငှက်ပျောခြံမှာ ဇန်နဝါရီ ၂၀ က စစ်တပ်ရဲ့ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား တစ်ဦး အပါ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2025-01-20
အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ လက်ရှိမှာ စားရေးသောက်ရေး အခက်အခဲဖြစ်နေပါတယ်။
2025-01-20
၂၀၂၂ ကနေ ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်နေ့အထိ နိုင်ငံပေါင်း ၃၈ နိုင်ငံကနေ ကူညီစုံစမ်းရှာဖွေပေးဖို့ အကြောင်းကြားလာသူ လေးထောင်ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
2025-01-20
ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်သင်္ဘောနှစ်စင်း မနေ့နေ့လယ်ပိုင်းက တက္ကနပ်ဖ်ဆိပ်ကမ်းကို ဆိုက်ရောက်လာကြောင်း ဆိပ်ကမ်းတာဝန်ရှိသူက ပြောပါတယ်။
2025-01-20
မှုခင်းတိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ လမ်းကြောင်းတွေ တည်ထောင်သွားဖို့ အိမ်နီးချင်းနိုင်ငံတွေကို တောင်းဆိုလိုက်တာပါ။
2025-01-20
တရုတ်နိုင်ငံရဲ့ ညွှန်ကြားချက်ကြောင့် “ဝ” (UWSA) တပ်ဖွဲ့ထိန်းချုပ်ဒေသနဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ထိန်းချုပ် ဒေသတို့ကို ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပါတယ်။
2025-01-20
ကလေးမြို့နဲ့ ခါမ်းပါတ်မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ခုနစ်ဦး သေဆုံးပါတယ်။
2025-01-20
စစ်ကောင်စီနဲ့ MNDAA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးကြတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။