သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-21
ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းမှာ စက်တင်ဘာ ၂၀ ရက်နေ့က နှိပ်စက်ညှဉ်းပန်းပြီး မီးရှို့ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ပြောပါတယ်။
2023-09-21
ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောကို ပြန်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာငါးဦးကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ စစ်ကောင်စီရဲ့ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
2023-09-21
မြင်းခြံမြို့နယ် မကျီးစုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၆၃ ဦးကို ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်ခဲ့ပါတယ်။
2023-09-21
မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှာ စစ်ကောင်စီ တပ်သားတွေအပါအဝင် လူ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
2023-09-20
ကချင်ပြည်နယ်နဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတာကြောင့် အကူအညီတွေ ပေးအပ်နိုင်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ UNOCHA ထုတ်ပြန်ပါတယ်။
2023-09-20
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သောင်းကျော် သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်ခံရပြီး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။
2023-09-20
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပိုတိုးလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောလိုက်ပါတယ်။
2023-09-20
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောင်းလဲတာဝန်ယူလိုက်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ပါတယ်။
2023-09-20
မာန်အောင်မြို့က အသက် ၅၀ ခန့်အရွယ် ဦးစည်သူအောင်ကို စက်တင်ဘာ ၁၉ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားပြီးနောက် အမှုဖွင့်ခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-09-20
စစ်ကောင်စီ အာဏာပိုင်တွေက ဧရာဝတီတိုင်းက ပြည်သူတွေကို နေ့စားခပေးပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-20
တိုက်ပွဲကြောင့် မူဆယ်ခရိုင်ထဲက စယ်လန့်၊ နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ် အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတစ်ထောင်ကျော် နမ့်ခမ်းနဲ့ မူဆယ်မြို့ပေါ်ကို တိမ်းရှောင်နေရပါတယ်။,
2023-09-20
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KNU အရာရှိတချို့ကို ကိုးကားပြီး Karen Information Center (KIC) က ဖော်ပြပါတယ်။
2023-09-20
ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန်နဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် ကုမ္ပဏီ ၁၂၃ ခုကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
2023-09-20
လားရှိုးမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ Hotel CS ရှေ့မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-09-19
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ရှဲနတ်တောင်နား ချင်းတွင်းမြစ်ထဲမှာ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေလိုက်ပါလာတဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ပြီး လူတစ်ရာကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။