သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-29
ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတာပါ။ နောက်နှစ်ဆိုရင် မြန်မာ့ပြည်တွင်းစစ် သက်တမ်း ၇၂နှစ် ပြည့်ပါတော့မယ်။
2019-11-29
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှာ ကုလားတန် မြစ်ကြောင်းထဲသွားနေတဲ့ ရေတပ်ကပစ်ခတ်လို့ အသက် ၇၀ ကျော်အရွယ် အဖိုးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
2019-11-29
နိုင်ငံတကာတရားရုံး ICJ မှာအစွဲခံထားရတဲ့ မြန်မာအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ထွက်ချက်ပေးမယ့် ခရီးစဉ်မှာ သူ့ကိုထောက်ခံသူတွေက ကန်ဒေါ်လာထောင်ချီ ကုန်ကျခံပြီး လိုက်ပါအားပေးဖို့ ဆန္ဒရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းတချို့ကလည်း လျှော့ဈေးတွေနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။
2019-11-29
ကချင်ပြည်နယ်မှာ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ငွေလှူဒါန်းမှုနဲ့ခရီးစဉ်လည်ပတ်မှုတွေက ဆက်တိုက်ဆိုသလို တူညီနေတာတွေရှိနေပါတယ်။
2019-11-29
ရှမ်းမြောက်၊ နမ္မတူမြို့နယ်၊ မန်ဝါရွာထဲကို ဒီနေ့မနက်မှာ လက်နက်ကြီး ကျပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။
2019-11-28
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က မြန်မာ့တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံးတွေက အရေးယူရန် ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံ ကြောင်း နိုဝင်္ဘာလ ၂၈ ရက် မနေ့က ကြေညာလိုက်ပါတယ်။
2019-11-28
မြန်မာအစိုးရတပ်တွေနဲ့ မွန်ပြည်သစ်ပါတီတပ်တွေအကြား စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ်တဲ့အတွက် ဒေသခံ မွန်တိုင်းရင်းသားတွေဟာ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ဆောင်ခလဘူရီနယ်ထဲကို ဆက်ပြီးထွက်ပြေးလာနေကြဆဲဖြစ်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။
2019-11-28
တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဥပဒေကြမ်းတွေကို မဆွေးနွေးဘဲ ကြန့်ကြာအောင် အချိန်ဆွဲနေတာဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးချနေတာ လားလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းထုတ် လိုက်ပါတယ်။
2019-11-28
တိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်းကျဆင်းနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်းက အထင်ကရ နေရာတစ်ခုဖြစ်တဲ့ သီပေါမြို့နယ်မှာ ဂျာမဏီနိုင်ငံသား တစ်ဦး မိုင်းထိလို့ သေဆုံးခဲ့ပါတယ်။
2019-11-28
ကယားပြည်နယ် လွိုင်ကော်မြို့နယ်က တပ်မတော်ပိုင် မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူ သုံးဦးကိုလွိုင်ကော်မြို့နယ် တရားရုံးက နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2019-11-27
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်က ရွာသားတစ်ဦး ပစ်ခတ်ခံရလို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
2019-11-26
ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက် ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီကနေ့စတင်လိုက်ပါတယ်။
2019-11-26
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှာ မန္တလေးဘက်ကလည်း ပါဝင်ပါတယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်သန်းညွန့်က AA လက်ထဲ ရောက်နေတဲ့ သားဖြစ်သူ ဒု ရဲအုပ် မျိုးကိုကိုရဲ့ အခြေအနေကို စိုးရိမ်နေ ပါတယ်။
2019-11-26
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုအတွက် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ရဲ့ ပြစ်ဒဏ်ကို တိုးမြှင့်ပေးဖို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ် မှာ ဒီနေ့ လျှောက်ထားခဲ့ပါတယ်။
2019-11-26
ရခိုင်ပြည်နယ်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ကိုးသောင်းကျော်ရှိနေပြီး ရသေ့တောင် မြို့နယ်က အများဆုံးဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC အဖွဲ့က ပြောပါတယ်။