လွတ်မြောက်လာ တဲ့ ကျောင်းသူ ကျောင်းသားတွေ က ကျေးဇူးတင်ကြောင်းပြော


2016.04.10
zayyarlwin-phyophyoaung-620.jpg (ဗကသ)ကျောင်းသူ မဖြိုးဖြိုးအောင်နဲ့ (တကသ)ကောျင်းသား ကိုဇေယျာလွင်တို့ကို ဧပြီလ ၁ဝ ရက်နေ့က RFA ရန်ကုန်ရုံး မှာ တွေ့ဆုံမေးမြန်းစဉ်
Photo:Htet Akar/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးပမ်းပေးမယ်လို့ ပထမအကြိမ် ကြေညာချက် ထုတ်ပြန်လိုက်စဉ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ အရေးကို  ဦးစားပေးစဉ်းစားတဲ့အတွက် အဲ့ဒီအချိန်ကတည်းက ဝမ်းသာပြီး ကျေးဇူးတင်ခဲ့ကြောင်း ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။

RFA က ဒီကနေ့ မဖြိုးဖြိုးအောင်နဲ့ ကိုဇေယျာလွင်တို့ကို တွေ့ဆုံမေးမြန်းရာမှာ သူတို့အပေါ် ဝေဖန်မှုတွေ ပြင်းထန် လာတာနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးအောင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ လွတ်မြောက်ရေးနဲ့ ပတ်သက်တဲ့ ဒီ ၇ ရက်နေ့က ကြေညာချက်ပေါ့နော်၊ ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ပထမဦးဆုံး ကြေညာချက်ထုတ်တယ်၊ ကျမတို့ တော်တော်များများက အဲ့တုန်းကတည်းက ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တော်တော်ကို ဝမ်းသာကြတယ်၊ ကျေးဇူးတင်ကြတယ် ဆိုတာမျိုး ပြောခဲ့တယ်တလျှောက်လုံးပေါ့၊ ကျမတို့ လွတ်ခြင်း မလွတ်ခြင်း အပေါ်မှာထက် ဒီလိုမျိုး စပြီးတော့ ကျမတို့ကို လွှတ်ပေးဖို့ စကြိုးစားနေပြီဆိုရင် အကုန်လုံးကဒါကို ကျနော်တို့ ကျမတို့တွေကို အမြဲတမ်းခေါင်းထဲမှာ ရှိတယ်၊ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခေါင်းထဲမှာရှိတယ်ဆိုတဲ့ စိတ်နဲ့ကို တော်တော်ကို ဝမ်းသာကြပါတယ်၊ လွှတ်တာ မလွှတ်တာနောက်မှပါ"

အကျဉ်းထောင်တွေက လွတ်မြောက်လာပြီး သပိတ်မလှန်သေးဘူးလို့ ပြောဆိုတဲ့ ကိစ္စဟာလည်း အစိုးရကို ဆန္ဒပြမယ် သပိတ်မှောက်မယ်လို့ ပြောဆိုတာ မဟုတ်ကြောင်း၊ အရင်အစိုးရလက်ထက် ကတည်းက သူတို့ တောင်းဆိုထားတဲ့ ဒီမိုကရေစီပညာရေးအတွက် ရည်မှန်းချက်တွေ မပြည့်သေးဘူးဆိုတာကိုသာ ရည်ညွှန်းတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မနေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီမိုကရေစီစံံနှုန်းနဲ့ကိုက်ညီတဲ့ အမျိုးသားပညာရေး ဥပဒေထွက်ပေါ်လာဖို့ အစိုးရသစ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မဖြိုးဖြိုးအောင်နဲ့ ကိုဇေယျာလွင်တို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ရန်ကုန်ရုံးမှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။