မြန်မာ့ဒီမိုကရေစီရေး ကူညီဖို့ ဂျပန်နှင့် ထိုင်းကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
2010.12.01

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနဲ့ အတိတ်ကာလတွေမှာ အဆက်အသွယ် ရှိခဲ့ပေမဲ့ တွေ့ဆုံ ဆွေးနွေးရေးကို စစ်အစိုးရဖက်က ဘယ်တုန်းကမှ တက်တက်ကြွကြွ ဆောင်ရွက်တာမျိုး မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
ဒီပြောကြားချက်တွေ ဟုတ်မှန်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း RFA က ဆက်သွယ် မေးမြန်းရာမှာ အတည်ပြု ပြောဆိုပါတယ်။
လောလောဆယ်မှာတော့ မိမိတို့အနေနဲ့ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေဟာ နိုင်ငံရေးအရရော စီးပွားရေးအရပါ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလဲ၊ ဒါတွေဟာ ပြည်သူတွေကို တကယ်ပဲ ထိခိုက်နစ်နာနေလား ဆိုတာတွေ တိတိကျကျသိရဖို့ အားလုံးကို ပြန်သုံးသပ်ဖို့ပြင်ဆင် ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အားလုံး ချွင်းချက်မရှိ ညီညွတ် ပေါင်းစည်းနိုင်ဖို့ဆိုတာ လွယ်လွယ်ကူကူထူ ထောင်လို့ရတဲ့ ကိစ္စမဟုတ်ကြောင်းနဲ့ မိမိတို့ အနေနဲ့ကတော့ အကောင်းဆုံး အခြေအနေ ဖြစ်အောင်တတ်နိုင်သမျှ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း၊ ညီညွတ်ရေးဆိုတာ ခွန်အားတခု ဖြစ်ပြီး၊ အဲဒီ ခွန်အားဆိုတာဟာလည်း ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် ဆောင်ရွက်ပေးမဲ့ မောင်းနှင်အား ဖြစ်ကြောင်း ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံအနေနဲ့ ညှာညှာတာတာ ဆက်ဆံဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
ဒီကိစ္စဟာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာ မိမိတို့အနေနဲ့ သိရှိကြောင်း၊ ဒါပေမဲ့ မိမိတို့နိုင်ငံသား တွေကို ဖေးဖေးမမနဲ့ ကူညီဆောင်ရွက်မယ်ဆိုရင် မိမိတို့အနေနဲ့ အထူးကျေးဇူးတင်မှာ ဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းကောင်းပီသလိုတဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုတာ သိစေလိုကြောင်း၊ တခြား နိုင်ငံတကာ အစိုးရတွေကို မိမိတို့ တောင်းဆိုထားသလို ထိုင်းနိုင်ငံအနေနဲ့လည်း လက်ရှိအာဏာရ မြန်မာအစိုးရနဲ့ပဲ ဆက်ဆံတာမျိုးမဟုတ်ပဲ၊ မိမိတို့နဲ့လည်း ဆက်ဆံစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗန်ကောက်အခြေစိုက် Thai-Asean News Network သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ပေါ်ထွန်းကားရေးအတွက် ဆက်လက် ကူညီ ထောက်ခံအားပေးသွားဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အစိုးရကို နိုဝင်ဘာ ၃၀ ရက် အင်္ဂါနေ့မှာ တိုက်တွန်းလိုက်အပြီး ဂျပန်နိုင်ငံရဲ့ မြန်မာ့ ဒီမိုကရေစီအရေးပေါ် သဘောထားဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
တကယ်တော့ ဂျပန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာရေး အပါအဝင် ၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ပေးဖို့ စစ်အစိုးရကို တောက်လျှောက် ပြောဆိုခဲ့တာပါ ၊ ဒါပေမယ့်လည်း အာရှဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ ထိရောက်တဲ့ ကြားဝင်ဆောင်ရွက်မှု မရှိတဲ့ကိစ္စကိုတော့ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူက အားမလိုအားမရ ဖြစ်နေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး အလားအလာတွေကို သိနိုင်ဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် မြန်မာ့အရေး ဆောင်ရွက်သူတွေကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ် ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |