တနင်္သာရီမြို့နယ်မှာ ရေဘေးဒုက္ခသည် ၁၅ဝဝ ကျော်ရှိနေ

တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ ၂၅ ပေကျော်အထိ တက်လာပြီး အန္တရာယ်ရေအမှတ်ကို ကျော်လာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေသလို ရေဘေးဒုက္ခသည် ၁၅ဝဝ ကျော်လောက်အထိရှိနေပါတယ်။

တနင်္သာရီမြို့နယ်က ရွာတစ်ရွာမှာ ရေကြီးနေတာကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Ye Myint Swe - facebook

တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ ၂၅ ပေကျော်အထိ တက်လာပြီး အန္တရာယ်ရေ အမှတ်ကို ကျော်လာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေသလို ရေဘေးဒုက္ခသည် ၁၅ဝဝ ကျော်လောက် အထိရှိနေပါတယ်။

မြစ်ရေအန္တရာယ်အမှတ်က ၂၄ ပေသတ်မှတ်ထားတာကြောင့် စိုးရိမ်ရတယ်အခြေအနေဖြစ်နေကြောင်း တနင်္သာရီ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

"ရေကတော့ ၂၅ ပေ ၃ လက်မဖြစ်နေတယ်ပေါ့နော်၊ အန္တရာယ်ရေအမှတ်ကျော်သွားပြီပေါ့နော်၊ စိုးရိမ်ရတဲ့ အနေထားဖြစ်သွားပြီ၊ လောလောဆယ် အန္တရာယ်ရေအမှတ်ကျော်သွားပြီဆိုတော့ ရွှေ့ပြောင်းတဲ့အိမ်တွေလည်း ပိုများလာနိုင်တယ်လို့ ခန့်မှန်းတယ်၊ ပြီးတော့ စားနပ်ရိက္ခတွေစုတယ်၊ ကူဆယ်လုပ်ငန်းတွေ အဓိကထားလုပ်ဖြစ် တယ်၊ ပြီးတော့ ရိက္ခာခြောက်တွေ အစ်ကိုတို့  အခုကတည်း စပြီးဝေငှနေပါပြီ"

တနင်္သာရီမြစ်ရေဟာ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဆက်တိုက်တတ်လာပြီး အခုဆို မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၃ဝ ကျော်ကို ရေလွှမ်းနေပြီး ကျောင်းတွေပိတ်ထားရပါတယ်။

မနေ့ကထိ ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ ၁၅ဝဝ ကျော်ရောက်ရှိနေပြီး ရေအဆက်မပြတ် တိုးနေတာကြောင့် ပိုများလာနိုင်တယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။

လက်ရှိမှာ စာသင်ကျောင်း ၃ဝ ကျော်ကို ပိတ်ထားသလို့ မြိတ်ကော့သောင်းလမ်းပိုင်းမှာလည်း ရေကျော်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org