တနင်္သာရီ ရေဘေးဒုက္ခသည် တိုးလာ


2018.07.20
tanintharyi-flooding-622.jpg ရေတက်နေတဲ့ တနင်္သာရီမြို့နယ်ကို တွေ့ရစဉ်
Photo: Ye Myint Swe

တနင်္သာရီမြို့ရေဘေးကြောင့် စာသင်ကျောင်း ၆၀ကျော်ကို ပိတ်ထားရပြီး ရေဘေးသင့် ဒုက္ခသည်အရေအတွက်ဟာ စုစုပေါင်း ၁၇၀၀ ကျော် အထိရှိနေပါတယ်။


ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်ထားတယ်လို့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

"စာသင်ကျောင်းက ၆၂ ကျောင်း ပိတ်ထားတယ်၊ ရေဘေးသင့်တဲ့အိမ်ခြေကတော့ ၃၂၀ပေါ့၊ အိမ်ထောင်စုကတော့ ၃၁၁စု၊ လူဦးရေစုစုပေါင်း ၁၇၀၇ပေါ့နော်၊ အဲအထဲမှာ ကယ်ဆယ်ရေးစခန်း ၁၁ခုဖွင့်ထားတယ် အဲကယ်ဆယ်ရေးစခန်း ၁၁ ခု ရောက်လာတဲ့လူဦးရေက ၁၀၉၅ ဦး တချို့ကျတော့လည်း ကယ်ဆယ်ရေးစန်းကိုလာကြတယ်၊ တချိုနေရာကျလည်း ဆွေမျိုးအိမ်တွေမှာ မမြုပ်သေးဘူးဆိုရင် တောင်းနေတာမျိုးရှိတယ်"

မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် တနင်္သာရီမြို့နယ်မှာ ကျေးရွာပေါင်း ၂၅ရွာ ရေနစ်မြုပ်နေပြီး လက်ရှိမှာ တနင်္သာရီမြစ်ရေဟာ ၂၆ ပေကျော်ရောက်နေပြီး အန္တရာယ်ရေအမှတ်ထက် ၃ပေကျော်နေပြီ ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။