စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီပိတ်ထားရ

တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံနေတာကြာင့် စာသင်ကျောင်း ၁၂ ကျောင်းကို ဒီနေ့ ပိတ်လိုက်ပါတယ်။

တနင်္သာရီမြို့ပေါ်က ရေကြီးနေတဲ့ စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ် Photo: Ye Myint Swe

တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံနေတာကြာင့် စာသင်ကျောင်း ၁၂ ကျောင်းကို ဒီနေ့ ပိတ်လိုက်ပါတယ်။

စာသင်ကျောင်း ၁၂ ကျောင်းကို ၅ ရက်ကြာ ပိတ်ထားတယ်လို့ တိုင်းဒေသကြီး  လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။

"ကျောင်းက အားလုံး စုစုပေါင်း တနင်္သာရီမြို့ပေါ် အပါအဝင် ၁၂ ကျောင်းပိတ်ထားတယ်။ ၂၁ ရက်နေ့ထိ ပိတ်လိုက်တယ်ပေါ့နော်။ တနင်္သာရီမြို့ပေါ်မှာကျတော့ KG ကနေပြီးတော့ ၆ တန်းထိ ပိတ်လိုက်တယ်။ ကျန်တဲ့အတန်းတွေတော့ ဖွင့်ထားတယ်။ ဒါပေမဲ့ မိုးအခြေအနေ ကြည့်ဦးမှာပေါ့နော်။ မိုးအခြေအနေ ကြည့်ပြီး တော့ မနက်ဖြန်မလာနဲ့ဆိုပြီး ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့နော်။ အဓိကကတော့ တချို့ကျောင်းတွေက ရေဝင်တာလည်းပါတယ်။ တချို့ကျောင်းတွေကျတော့ ရေဝင်တာ မဟုတ်ဘဲနဲ့ ကလေးတွေ သွားရင်း လာရင်းနဲ့ ရေနစ်မြုပ်တာဖြစ်မှာစိုးလို့။ အဲဒါ နောက်မှ အစားတက်ခိုင်းမယ်ဆိုပြီးတော့ လိုအပ်ချက်အရ ကျောင်းပိတ် လိုက်တာပေါ့နော်"

မနေ့က မနက်ပိုင်းကစပြီး တနင်္သာရီမြစ်ဖျားပိုင်းမှာ မိုးကြီးနေတာကြောင့် မြစ်ရေတက်လာပြီး ရေကြီးရေလျှံတာတွေ ဖြစ်နေတာပါ။ ဒီနေ့ ညနေပိုင်းအထိ ပေ ၂၀ နီးပါးမြင့်တက်လာကာ တနင်္သာရီမြို့ မြေနိမ့်ပိုင်းက နေအိမ်တွေအပါအဝင် ကျေးရွာတချို့ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ အိမ်အောက်ထပ်တွေ ရေမြုပ်နေတာကြောင့် အိမ်အပေါ်ထပ်တွေမှာ နေကြသူတွေရှိပြီး ကျေးရွာ ၅ ရွာလောက်က လူဦးရေ ၂၀၀ နီးပါးကိုတော့ ရေလွတ်ရာကို ရွှေ့ပြောင်းထားတယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။

တနင်္သာရီမြစ်ရေဟာ ဆက်လက်မြင့်တက်နေတာကြောင့် နောက်ထပ် ရေဘေးဒုက္ခသည်တွေ များလာနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org