တောင်ကြီးမြို့နယ် တိုးဂိတ်သစ်ဒေသခံများ ဆက်ပြီးကန့်ကွက်


2016.04.18

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ဟဲကယ်ကျေးရွာမှာ စိုးလွင်အောင်ကုမ္ပဏီက တိုးဂိတ်ဆောက်လုပ်နေတာ ကို ဒေသခံတွေက ကန့်ကွက်ကြပြီး ဒီကနေ့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအပြင် ကုမ္ပဏီတာဝန် ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ပါဘူး။

ဒေသခံတွေက ကားလမ်းတိုးဂိတ်တစ်ခုနဲ့တစ်ခု နီးကပ်နေတာအပြင် ဘောလုံးကွင်းနဲ့လည်း နီးတာကြောင့် ကန့်ကွက်တာလို့ ဆိုပါတယ်။ ကုမ္ပဏီဘက်ကလည်း နေရာမရွှေ့ပေးနိုင်ကြောင်း ပြောဆိုတဲ့အတွက် ဝန်ကြီးက ကြားဝင်ညှိနှိုင်းပေးပေမယ့် အဆင်မပြေဘူးလို့ ဟဲကယ်ရွာသား ဦးမျိုးနိုင်က ပြောပါတယ်။

"ဝန်ကြီးက ကုမ္ပဏီနဲ့ ရွာသူရွာသားတွေကြားထဲမှာ အခက်အခဲတစ်ခုကို ဝင်ရောက်ပြီး စေ့စပ်ညှိနှိုင်းဖြေ ရှင်းပေးခြင်း ဖြစ်ပါတယ်၊ စေ့စပ်ညှိနှိုင်းဖြေရှင်းတဲ့ အနေအထားမှာကတော့ သူတို့က ဒီနေရာပဲဆက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်လိုတယ်ပေါ့၊ ရွာသူရွာသားတွေကလည်း ဒီနေရာမှာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို လုံးဝကန့်ကွက်ပါတယ်ပေါ့နော်"

ဒေသခံတွေက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေပြီး တိုးဂိတ်ဆက်လက်ဆောက်လုပ် မယ်ဆိုရင် လာမယ့် ဧပြီလ ၂၁ရက်နေ့မှာ ဆန္ဒပြကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

စိုးလွင်အောင် ကုမ္ပဏီက ရွှေညောင်-ရပ်စောက်လမ်းပေါ်မှာ လမ်းအသုံးပြုခ ကောက်ခံဖို့အတွက် တိုးဂိတ်ဆောက် လုပ်နေတာကို ဒေသခံ ၅၀၀ နီးပါးက လက်မှတ်ရေးထိုး ကန့်ကွက်ထားတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် တိုးဂိတ်ဆောက်လုပ်မှုကို ယာယီရပ်ဆိုင်းထားဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပေမယ့် ကုမ္ပဏီက ဆက်လက်ဆောက်လုပ်နေတာလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။