ဖေါက်ခွဲရေးသမားတွေ သတင်းကြောင့် ရှမ်းပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်မည်


2015.04.04

လာမယ့် သြင်္ကန်ကာလမှာ ရှမ်းပြည်နယ်မှာ ဖေါက်ခွဲရေးသမားတွေ ဝင်ရောက်လာနိုင်တယ်လို့ သတင်းရရှိ တာကြောင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

တောင်ကြီးမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြား လိုက်တာပါ။

"ရှမ်းပြည်နယ်မှာ ကျနော်တို့ကတော့ အလုံးစုံ လုံခြုံရေးပိုင်းအနေနဲ့ကတော့ စိုးရိမ်နေရတာပေါ့နော် ၊ ဖေါက်ခွဲလို့ဖျက်ဆီးလိုက်မလား ကျန်တဲ့တခြားကိစ္စရပ်မျိုးများ ပေါ်လာမလားဖြစ်တဲ့အချိန်မှာ ဒီကာလသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒီအစိုးရရဲ့ ကျော်ဖြတ်မယ့် သြင်္ကန်ကာလနောက် ဆုံးနှစ်လည်း ဖြစ်တဲ့အတွက် စည်စည်ကားကားလည်း ဖြစ်စေချင်ပါတယ်"

သြင်္ကန်ကာလအတွင်းမှာ အရင်နှစ်တွေထက် မှုခင်းအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေး ကာလကို ၃ ဆင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တစ်ခုလုံးမှာ သြင်္ကန်မဏ္ဍပ် ၃၃ ခု ဆောက်လုပ်ခွင့်ရရှိထားကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။