တနင်္သာရီ နယ်လုံအသစ် တိုင်းလွှတ်တော် အတည်ပြု
2017.02.17

ဓါတ်ပုံ - ငြိမ်းချမ်းဦး
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် နေရာမှာ ဗိုလ်မှုူးကြီးကျော်ဇေယျ ကို အစားထိုးခန့်အပ်ကြောင်း တိုင်းအစိုးရအဖွဲ့ရဲ့ တင်ပြချက်ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒီနေ့ တိုင်းဝန်ကြီးချုပ်က တဆင့်တင်ပြပြီး သဘောတူလိုက်တာလို့ ကျွန်းစုမြိုနယ် တိုင်းဒေသကြီးကိုယ်စား လှယ် ဒေါက်တာ ထူးနေအောင် က ပြောပါတယ်။
ဒီလုံခြုံရေးရာနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ပေးဖို့ တင်ပြလာတဲ့ ဗိုလ်မှူးကြီးကျော်ဇေယျ ဟာ ဒီနေ့မှာဘဲ တိုင်းဒေသကြီးလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုခဲ့ပါတယ်။
အရင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့သူဖြစ်ပါတယ်။