သရပါ အလုပ်သမားသပိတ် ဖြိုခွဲခံရ
2018.12.11

ပုဂံမြို့ဟောင်း သရပါဟိုတယ်ကနေ အလုပ်ထုတ်ခံရတာကြောင့် အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုနေတဲ့ အလုပ် သမားတွေ သပိတ်စခန်းကို ဒီနေ့မနက်အစောပိုင်းမှာ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး လူအင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ လာရောက်အကြမ်းဖက် ဖြိုခွင်းခံရတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက သပိတ်စခန်းကို ၂၄ နာရီအတွင်း ဖျက်သိမ်းရမယ်ဆိုပြီး စာပေးပို့ အကြောင်း ကြားထားတာဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ပြေလည်အောင် ဖြေရှင်းမပေးတာကြောင့် ဆက်ပြီးတောင်းဆိုနေတာဖြစ်ကြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ ဟိုတယ်ချစ်သူ မြို့နယ်အလုပ်သမား အဖွဲ့ ဥက္ကဌ ဦးသိန်းရွှေ က RFA ကိုပြောပါတယ်။
သပိတ်စခန်းဖွင့်တောင်းဆိုတာ မနက်ဖြန်ဆို ၂ လပြည့်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ သပိတ်စခန်း ထပ်မံဖွင့်လှစ်မယ်ဆိုရင် ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်မယ်လို့ အာဏာပိုင်တွေက ပြောဆိုတယ်လို့လည်း သိရပါတယ်။
ပုဂံမြို့ဟောင်း သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ယောက်အပါအဝင် အလုပ်သမား ၉ ယောက်ဟာ သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။