စက်မှုလယ်ယာ ကူးပြောင်းနိုင်ရေး သမ္မတဦးသိန်းစိန် တိုက်တွန်း
2016.03.02

လက်ရှိအစိုးရသက်တမ်းအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ သမားရိုးကျစိုက်ပျိုးနည်းစနစ်အစား ခေတ်မီ စိုက်ပျိုးရေး နည်းပညာတွေ ပြန့်ပွားရေးနဲ့ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ထံ ကူးပြောင်းနိုင်ရေး လုပ်ငန်းတွေကို အုတ်မြစ်ချပေးနိုင်ခဲ့သလို အဲဒီစံနမူနာကို လာမယ့်အစိုးရသစ်အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင် ရွက်ဖို့ နိုင်ငံတော်သမ္မတက တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတက ပေးပို့တဲ့ သဝဏ်လွှာမှာ ပါရှိတာဖြစ်ပါတယ်။
ဒါ့အပြင် နှစ်စဉ် လူဦးရေတိုးပွားနေတဲ့အတွက် စားနပ်ရိက္ခာဖူလုံမှုရှိစေဖို့နဲ့ နိုင်ငံတကာဈေးကွက်ကို ပိုမိုတင် ပို့ရောင်းချနိုင်ရေး ရည်ရွယ်ပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း လည်း ဖော်ပြထားပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု မရှိစေဖို့နဲ့ စားနပ်ရိက္ခာထုတ်လုပ်မှု မထိခိုက်စေဖို့ အလေးထားဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းလည်းပါရှိပါတယ်။
တောင်သူလယ်သမားနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီတို့က ပုသိမ်မြို့မှာ ပူးပေါင်းကျင်းပခဲ့ပါတယ်။