အစိုးရသစ်ကိုအာဏာလွှဲပေး ဖို့ ဆောင်ရွက်နေကြောင်း သမ္မတဦးသိန်းစိန် ပြောကြား


2015.12.05
theinsein-620 ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ်
Photo: President Office Website

အစိုးရအပြောင်းအလဲကို အောင်မြင်ချောမွေ့စေဖို့အတွက် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက် သွားမယ်လို့ သမ္မတဦးသိန်းစိန်က မြန်မာပြည်သူတွေကို ဒီနေ့ရက်စွဲနဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာပြောဆို လိုက်ပါတယ်။

ဒီလိုလွှဲပြောင်းပေးဖို့အတွက် အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ဝန်ထမ်းအားလုံးကို လိုအပ်တဲ့ ညွှန်ကြား ချက်တွေပေး ပြီး စနစ်တကျဆောင်ရွက်နေတယ်လို့လဲဆိုပါတယ်။ အစိုးရသစ်ဖွဲ့စည်းရေးနဲ့ တာဝန်လွှဲပြောင်းရေးကို  စိုးရိမ်ပူပန်မှုတွေရှိနေတာကို ကြားသိရပြီး၊ ဒီလိုပူပန်နေကြတာကလည် နိုင်ငံတခုရဲ့ အသွင်ကူးပြောင်းဆဲ ကာလမှာဖြစ်တတ်တဲ့သဘာဝလို့ သမ္မတက ပြောပါတယ်။

ဒါကြောင့် အခုလိုကာလမှာ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ အထူးအရေးကြီးတဲ့အတွက် နိုင်ငံရေးအင်အားစုတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင်  အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ဆက်လက်ကြိုးပမ်းနေပြီး၊ မကြာခင်မှာ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်မယ့် မူဘောင်တစ်ခု ကိုရေးပြီးတော့မှာဖြစ်ကြောင်းနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့်သေဆုံးရသူတွေအတွက် အထူးဝမ်းနည်းရသလို၊ အကြမ်းဖက်မှုတွေကို ကမ္ဘာ့နိုင်ငံတွေနဲ့ လက်တွဲပြီး တွန်းလှန်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ် ဖားကန့်ကမြေပြိုမှုမှာ သေဆုံးသွားသူတွေအတွက်ဝမ်းနည်းကြောင်းနဲ့ အခုလို အန္တရာယ်များတဲ့လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ မူဝါဒတွေကိုလဲ ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူရမယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့သဝဏ်လွှာမှာရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။