ကုမ္ပဏီကို မီးရှို့ဖျက်ဆီးမှု လူ ၃ ဦးကို ဖမ်းဆီး


2016.05.25
damage-machin-620.jpg ဖျက်ဆီးခံလိုက်ရတဲ့ ကုမ္ပဏီပိုင် မြေတူးယာဉ်တစ်စီးကို တွေ့ရစဉ်
ဓါတ်ပုံ - မြဝတီ

ဒီလဆန်းပိုင်းက ဖါးကန့်မြို့နယ်က ကျောက်စိမ်းကုမ္ပဏီတွေနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီးရာမှာ ပါဝင်ပတ်သက်နေသူ ၃ ဦးကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့မရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ မြဝတီသတင်းစာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်က ဖမ်းဆီးရမိတဲ့ မရမ်ဘောမ်ယော်၊ ဂွမ်ဂျာနော်နဲ့ အောင်အောင်တို့ဟာ ဒီလ ၉ ရက်နေ့ က  ဖားကန့်မြို့မ ရဲစခန်းနဲ့ ဥရုရတနာကျောက်စိမ်းတောင် တံတားအနီးမှာ လက်ပစ်ဗုံးဖောက်ခဲ့ရမှာ ပါဝင်ခဲ့သလို မေလ ၁၅ ရက်က မှော်စီစာကျေးရွာအနီးမှာရှိတဲ့ ကောင်းမြတ်သုခ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို မီးရှို့ဖျက်ဆီးခဲ့တာ မှာလည်း ပါဝင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ဖားကန့်မြို့နယ်မှာရှိတဲ့ ဌေးမြန်မာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ ပါဝင်ခဲ့တယ်လို့ ပါရှိပါတယ်။

တပ်မတော်ရဲ့ စစ်ဆေးမေးမြန်းမှုတွေအရ ဖမ်းဆီးရမိသူတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့ဝင်တွေဖြစ်သလို အမှုမှာပါဝင်ပတ်သက်နေတဲ့ မဂျန်ယောထုံ ဆိုသူတစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေ တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။