သီပေါမြို့ တံတားကျိုးကျမှု ၄ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
2015.07.26

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ နမ့်ပေါ့ချောင်းတံတားကျိုးကျခဲ့ရာမှာ မနေ့က ညပိုင်းအထိ လူ ၄ ဦး သေဆုံးခဲ့ ပြီး ၉ ဦးကို ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။
ရေကြီးနေတာကို အဲဒီတံတားပေါ်ကကြည့်နေရင်း တံတားကျိုးကျတာကြောင့် သေဆုံးကြရတာဖြစ်တယ်လို့ သီပေါ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှုး ဦးအောင်ကြည်ဝင်း က ပြောပါတယ်။
"ဖြစ်စဉ်က တတံားစကျိုးတယ်ပေါ့နော်၊ ကျနော်တို့ မနေ့ညက စုစုပေါင်း ၈ ဦးကယ်လို့ရပြီ၊ ကျား ၄၊ မ ၁ ကသေဆုံး၊ တတံားပိတာ၊ တတံာပေါ်မှာ ရေကြီးတာကို ကြည့်နေတဲ့လူတွေ၊ ဒဏ်ယာရထားတာက ၃ ဦး၊ ဆေးရုံမှာပို့ထား ပါတယ်၊ ရေထဲမျောပါ သွားတဲ့သူကို ပြန်လည်ကယ်တင်နိုင်ပါတယ်၊ စုစုပေါင်း ၉ ဦးပေါ့"
မနေ့က နေ့လည်ပိုင်းမှာ တံတားကျိုးကျခဲ့တာဖြစ်ပြီး ရေထဲမျောပါသွားသူတွေထဲက ၉ ဦးကို ကယ်ဆယ် နိုင်ခဲ့သလို ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ သီပေါ မြို့ဆေးရုံမှာ ဆေးကုသခံယူနေကြရပါတယ်။
ဒီတံတားဟာ အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ထားတာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိနေပြီ လို့ ဒေသခံတွေက ပြောပါတယ်။
ဒုတ္တဝတီမြစ်ရေကြီးတာကြောင့် သီပေါမြို့ ဈေးရပ်ကွက်၊ ဟာလရံရပ်ကွက်တွေမှာ မနေ့ကအထိ ရေကြီးခဲ့ပြီး ဒီနေ့ ရေပြန်ကျနေပြီလို့ သိရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ သီပေါမြို့မီးသတ်ဦးစီးဌာန ဦးစီးမှုး ဦးအောင်ကြည်ဝင်း ကို RFA သတင်း ထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်း ထားပါတယ်။