ရွေးကောက်ပွဲမှာ မဲပေးကြဖို့ သံချပ်များနဲ့ တိုက်တွန်း


2015.04.13

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြဖို့တိုက်တွန်းတဲ့ သြင်္ကန်သံချပ် ဖျော်ဖြေပွဲတွေကို မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်က ရန်ကုန်မြို့တွင်းမှာ ဒီနေ့ကစပြီး လိုက်လံပြုလုပ်နေပါတယ်။

ရွေးကောက်ပွဲမဲစာရင်းနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ စိတ်ဝင်စားမှု ပိုမိုရရှိဖို့အတွက် အခုလိုဖျော်ဖြေတာဖြစ် တယ်လို့ မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်အဖဲ့ွဝင် မသီရိထားက ပြောပါတယ်။

"သြင်္ကန်သီချင်းတွေ ဆိုတဲ့အထဲမှာ ကြားညှပ်ပြီးတော့ မဲပေးခြင်းနဲ့ပတ်သက်တဲ့ဥစ္စာကို သံချပ်အနေနဲ့ဆိုတယ်၊ ပြီးတော့သီချင်းလည်းဆိုမယ်၊ လူငယ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ဖို့အတွက် သြင်္ကန်မှာအလှပြယာဉ်နဲ့ ဆိုတာပါရှင်"

အဲဒီ့ဖျော်ဖြေရေးယာဉ်ဟာ သာကေတ၊ သံလျင်၊ တောင်ဥက္ကလာနဲ့ ရန်ကင်းမြို့တွေမှာ ဒီနေ့ လှည့်လည်ဖျော်ဖြေခဲ့ ပါတယ်။ "ငါတို့အနာဂါတ်ကို ပုံဖော်ဖို့ ငါတို့ ကိုယ်တိုင်မဲပေးစို့" စာတမ်းပါ ဖျော်ဖြေရေးယာဉ်နဲ့ ရန်ကုန်မြို့ ၂၂ မြို့နယ်မှာ လှည့်လည်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့လမ်းမတော်၊ လသာ၊ ကျောက်တံတားစတဲ့ မြို့နယ် ၁၀မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ ကြေညာခဲ့ပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း မကြာခင်မှာ ထပ်မံကြေညာမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။