လွှတ်တော်အမတ်ပင်စင် မလိုချင်ဘူးလို့ သူရဦးအောင်ကို ပြောဆိုရေးသား


2015.12.18
thura-aungko-620.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်
Photo: RFA

သူရဦးအောင်ကိုက ပြီးခဲ့တဲ့နာရီပိုင်းအတွင်း သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပင်စင်ငွေယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီးသူ့ရဲ့သဘောထားကို အခုလိုရေးသားခဲ့ပါတယ်။

"ဘယ်သူ့ကိုမှ မတိုက်ခိုက်ပဲ စိတ်ထဲခံစားရတဲ့အတိုင်းပြောရရင် လွှတ်တော်အမတ် ပင်စင်ကို မလိုချင်ပါဘူး၊ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်လို့ ပင်စင်ရတာကို လက်ခံပေမဲ့ အခုက နိုင်ငံရေးပါ၊ ဝန်ထမ်းသဘောနဲ့ မတူပါလို့ မြင်မိတယ်၊ အခုလို နိုင်ငံက စီးပွားရေးမကောင်း၊ နိုင်ငံရေးကမငြိမ် ဖားကန့်လိုကိစ္စမျိုး ကြည့်မကောင်းလောက်တဲ့အဖြစ်အပျက်တွေ၊ သက်ငယ်မုဒိန်းမှုတွေအတွက် ခိုင်မာတဲ့ နိုင်ငံအကျိုး စီးပွား ပြည်သူ့ဘဝ ကာကွယ်မဲ့ ဥပဒေတွေ ဘာမှပြဌာန်းလို့ မပြီးသေးပဲ လွှတ်တော်က ထွက်ခွာချိန်မှာ ပင်စင်ယူဖို့ဆိုတာ လိပ်ပြာမသန့်လို့ပါ၊ ရခဲ့ရင်လည်း တလောက အကြော်ဝိုင်းရောင်းရင်း ဆယ်တန်းကို ၆ ဘာသာဂုဏ်ထူးထွက်ပြီး ကျောင်းဆက်တက်ဖို့ခက်တဲ့ ကျောင်းသားလေးကို ပေးလိုက်ချင်ပါတယ်၊ လာရောက်ဆက်သွယ်ပေးပါ၊ နိုင်ငံအတွက် အလုပ်လုပ်ချင်လို့ ထောင်ကျခံ စောင့်နေတဲ့ နိုင်ငံရေး သမားတွေ မြန်မာနိုင်ငံမှာ အများကြီးပါ၊ သူတို့ကို မေးကြည့်ပါ ပင်စင်ဆိုတာမရှိဘူး၊ သူတို့ဘဝတစ်ခုလုံး ပေး ဆပ်ခဲ့ကြရတာ၊ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပင်စင်ဆိုတာ မရှိသင့်ဘူး၊ နိုင်ငံရေးဆိုတာ မိသားစုလိုပဲ အနားယူသွားလို့ မရပါဘူး"

သူရဦးအောင်ကိုက အထက်ပါအတိုင်းရေးသားခဲ့ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အခုလိုရေးသားခဲ့တာကို ကြည့်ရှုသူအများအပြားက ထောက်ခံဂုဏ်ပြုပြီး တုံ့ပြန်မှတ်ချက်တွေ ရေးသားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။