ခုံးကျော်တံတားစီမံကိန်း ၂ ခု ရပ်ဆိုင်းလိုက်ပြီ


2016.04.06
yangon-parliament-620.JPG ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကျပ်ငွေ ၃၂ ဘီလျံကျော်ကုန်ကျမယ့် ရန်ကုန်တိုင်းထဲက ကမ္ဘာအေးနဲ့ ပါရမီလမ်းဆုံနဲ့ မြောက်ဥက္ကလာပ လမ်းဆုံတွေ မှာ တည်ဆောက်မယ့် ခုံးကျော် တံတားနှစ်စင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး အဲ့ဒီအစား ရန်ကုန်စည်ပင် နယ်နိမိတ်ပြင်ပက မြို့နယ် တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာအသုံးပြုဖို့ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ဖို့ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် တိုင်းဒေသကြီး အစိုးရဘဏ္ဍာရေးဝန်ကြီး က တင်သွင်းခဲ့တာကို ဒီနေ့ လွှတ်တော်မှာ ပြင်ဆင်လိုက်တာလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။

"တစ်ခုကို ၁၆ ဘီလီယံဆိုတော့ နှစ်ခုကို ၃၂ ဘီလီယံကျော်လောက်ရှိတယ်၊ ရန်ကုန်တိုင်းရဲ့ ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်မှာ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်၊ အဲ့တံတား နှစ်စင်းက၊ ကျန်တာ ကျနော်တို့ လမ်းတံတား လိုအပ်ချက်လုပ်တာက ၂၅ ရာခိုင်နှုန်းပဲရှိတယ်တဲ့"

ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်မယ့်ကုန်ကျငွေ ကျပ် ၃၂ ဘီလျံကျော် ဆိုတဲ့ပမာဏဟာ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာ အသုံးစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိပြီး အဲဒီမြို့နယ်တွေက ကျေးရွာချင်း ဆက်လမ်းတွေကို ဦးစားပေးလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှုပြဿနာတွေကို ခုံးကျော်တံတားတွေ ဆောက်လုပ်ပြီး ဖြေရှင်းတာက လိုချင်တဲ့ အဖြေမဟုတ်တဲ့အတွက် အခုလိုတစ်ခြား ဖွံ့ဖြိုးရေးပိုင်းတွေလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ် လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။