သမ္မတ ဦးသိန်းစိန်နှင့် အစိုးရဝန်ကြီးအဖွဲ့ ဂျပန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်
2012.04.18

ဂျပန်နိုင်ငံမှာ ရောက်ရှိနေစဉ် သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ဧပြီလ ၂၁ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့စဉ်ကတည်းက ဂျပန်ုအစိုးရဟာ မြန်မာအစိုးရ အဆက်ဆက်နဲ့ ဆက်ဆံရေး နီးကပ်အောင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ပိတ်ဆို့ အရေးယူမှုတွေ ချထားခြင်းဟာ မြန်မာအစိုးရကို တရုတ်နိုင်ငံနဲ့ နီးကပ်သွားအောင် တွန်းအားပေးသလို ဖြစ်မယ်ဆိုတဲ့ အယူအဆကို ဂျပန်နိုင်ငံက လက်ခံယုံကြည်ထားတယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ်အဖြစ် ၂၀၀၉ ခုနှစ်က ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖူးပါတယ်။