ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း လွှမ်းမိုးမှု မရှိကြောင်း သူရဦးရွှေမန်းပြော


2019.06.20
ubp-622.jpg ပါတီဥက္ကဋ္ဌ သူရရွှေမန်း ကို မန္တလေးမြို့က Hotel Mandalay မှာ ၂၀၁၉ ဇွန် ၂၀ ရက်နေ့မှာပြုလုပ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဝင်ချင်သူများနဲ့ စိတ်ဝင်စားသူများ တွေ့ဆုံပွဲမှာတွေ့ရစဉ်
Photo: Khaymani Win/RFA

ပည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို လူမျိုး ဘာသာမရွေး၊ နိုင်ငံသားတိုင်း ပါတီဝင်အဖြစ် လျှောက်ထား လို့ရကြောင်း၊ UBP ပါတီဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမှ မရှိကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။


UBP ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပါတီဝင်တွေ၊ ပါတီအကြောင်း စိတ်ဝင်စားသူတွေနဲ့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ဒီကနေ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။

တွေ့ဆုံပွဲကို တက်ရောက်လာသူတစ်ဦးက UBP ပါတီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ NLD ပါတီတို့နဲ့ ဆက်စပ်မှု ရှိနေသလားဆိုတာနဲ့ ပါတီရဲ့ ရပ်တည်ချက်က ဘယ်လိုရှိလဲလို့ မေးမြန်းရာမှာတော့ သူရဦးရွှေမန်းက ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမှ မရှိကြောင်း ဖြေခဲ့ပါတယ်။

ပါတီဝင်ကြေး ပေးစရာမလိုကြောင်းနဲ့ UBP ပါတီကို ဝင်ကြဖို့လည်း သူရဦးရွှေမန်း က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာဖို့ ကြိုးစားသွားမယ်လို့လည်း သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ပြီးခဲ့တဲ့မေလဆန်းက တည်ထောင်ခွင့်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ပါတီဝင် အင်အား တစ်သိန်းကျော်ရှိပြီဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို UBP ပါတီဝင်တွေ၊ ပါတီဝင်မဟုတ်သူတွေ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။