ကလေးမွေးနှုန်း ကန့်သတ်ချက် ရုတ်သိမ်းဖို့ ကုလတောင်းဆို
2013.05.31
အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောမြို့နယ်တွေမှာ တစ်အိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ညွှန်ကြားချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ဒီကန့်သတ်ချက်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးပဋိဉာဉ်ပါ အခြေခံအခွင့်အရေးတွေကို ချိုးဖေါက်ရာရောက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ မစ္စတာ Edurado Buey က ပြောပါတယ်။
ဘူးသီးတောင်-မောင်တောဒေသမှာ တချို့မွတ်စလင်တွဟာ ဇနီးတစ်ယောက်ထက်ပိုယူကြသလို သားသမီးတွေကိုလဲ အထိန်းအကွပ်မရှိ မွေးဖွားနေကြတဲ့အတွက် လူဦးရေထိန်းချုပ်ဖို့ ၁၉၉ဝ လွန် စစ်အစိုးရအုပ်ချုပ်စဉ်ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။