UNFC အဖွဲ့ဝင်တွေ NCA စာချုပ်လက်မှတ်ရေးထိုးစေလို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UNFC အဖွဲ့ဝင်တွေ NCA စာချုပ်မှာ မကြာခင် လက်မှတ်ရေးထိုးပြီး တတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ဖို့ ယုံကြည်ထားတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ဒီနေ့ ရန်ကုန်မြို့ NRPC မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း(ယာဘက်)ကို ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ တွေ့ရစဉ် Photo: Thiha Tun/RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UNFC  အဖွဲ့ဝင်တွေ NCA စာချုပ်မှာ မကြာခင် လက်မှတ်ရေးထိုးပြီး တတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ဖို့ ယုံကြည်ထားတယ်လို့  ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ဒီနေ့ ရန်ကုန်မြို့ NRPC မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြော ပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC မှာ ဒီနေ့ပြုလုပ်တဲ့  အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့  UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ တွေ့ဆုံပွဲ မှာ ဒေါက်တာတင်မျိုးဝင်းက အခုလို ပြောတာပါ။

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီကခေါင်းဆောင်ကြီးတွေ အမှူးပြုပြီးတော့ မကြာခင်စတင်တော့မယ့် တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးညီလာခံမှာ ဒီက ကိုယ်စား လှယ်တွေအားလုံး လက်မှတ်ရေးထိုးပြီးတော့ ပါဝင်နိုင်လိမ့်မယ်လို့ သူကတော့ တော်တော်ကို ပြင်းပြင်းပြပြ ယုံကြည်နေပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနှစ်ဖက်နားလည်မူ ယုံကြည်မူတည်ဆောက်ပြီးတော့ အားလုံးမျှော်လင့် အားလုံးတစ်လေသံတည်း အားလုံးတညီတညွတ်တည်းဖြစ်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းမှာ အားလုံးပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်"

DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က UNFC အဖွဲ့ဝင်တွေကို NCA လက်မှတ်ထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်စေလိုတယ်ဆိုရင် တန်းတူညီမျှမှုရှိတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို အစိုးရက ကြိုးစားပေးဖို့လိုတယ်လို့ ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ UNFC က တောင်းဆိုထားတဲ့ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာဖို့၊ ၂၁ ရာစု ပင်လုံညီလာခံ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေ ရေးဆွဲပြဌာန်းဖို့ စတဲ့တောင်းဆိုချက် ၈ ချက်ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ဟာ ဒီအချက် ၈ ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးလာတာ ၁၄ လ ကြာမြင့်လာ ပြီဖြစ်ပေမယ့် တိကျသေချာတဲ့ သဘောတူညီချက် မရသေးတာကြောင့် ရှေ့ဆက်သွားနိုင်ဖို့ အဓိကအတား အဆီးဖြစ်နေတယ်လို့ ခူဦးရယ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က အဲဒီအချက် ၈ ချက်ကို မူအားဖြင့်သဘောတူခဲ့ကြပြီဆိုပြီး နှစ်ဖက်ကြေညာ ချက် ထုတ်ပြန်ခဲ့ကြပေမယ့် တကယ်တမ်း လက်မခံနိုင်ကြသေးတဲ့အတွက် အချိန်ရှည်ကြာနေရတာလို့လည်း ခူဦးရယ်က ပြောပါတယ်။

UNFC အဖွဲ့ဝင်တွေရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒေသတွေမှာ တပ်မတော်နဲ့ စစ်ရေးအရ အဆင်မပြေမှုတွေ ရှိနေတာတွေကလည်း ယုံကြမှုကိုတည်ဆောက်ရာမှာ အဟန့်အတားဖြစ်စေတယ်လို့ ခူဦးရယ်က ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org