UNFC အဆိုပြုချက် ၆ချက် သဘောတူညီမှုရရှိထားကြောင်း ထုတ်ပြန်


2017.11.08
dpn-meet-pc-nov8-622.jpg UNFC ရဲ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ (၈) ကြိမ်မြောက် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၈ ရကေ်န့ကကျင်းပစဉ်
Photo: UNFC - Burma's facebook

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရေးအတွက် UNFC ဘက်က အဆိုပြုထားတဲ့ အချက် ၈ ချက်ထဲက အချက် ၆ ချက်ကို သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ UNFC က ဒီနေ့ ထုတ်ပြန်ပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် PC တို့ရဲ (၈) ကြိမ်မြောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာနရုံးမှာ တေ့ွဆုံဆွေးနွေးပြီးနောက် ညနေပိုင်းမှာ UNFC က ထုတ်ပြန်တာဖြစ်ပါတယ်။

အဆိုပြုချက် ၃ ကနေ ၈ အထိ သဘောတူညီမှုရရှိထားပြီး အဆိုပြုချက် ၁ နဲ့  ၂ တို့ကို ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြန်လည်ပြင်ဆင်ဖို့လိုလားတာကြောင့် မနက်ဖြန်မှာ  ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UNFC အဆိုပြုချက် ၈ ချက်ထဲမှာ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာဖို့၊ ၂၁ ရာစု ပင်လုံညီလာခံကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ရေးဆွဲပြဌာန်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီတစ်ကြိမ်မှာ သဘောတူညီမှုအားလုံးရရှိရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးဖို့ နှစ်ဖက်စလုံးက အစီအစဉ် ပြန်လည်ရေးဆွဲဦးမှာဖြစ်တယ်လို့ ပါရှိပါတယ်။

DPN နဲ့ PC တို့ တစ်နှစ်ကျော်ကြာ တေ့ွဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ (၈) ကြိမ်မြောက်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။