UNFC ခေါင်းဆောင်သစ်ရွေးချယ်
2017.06.26

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယအကြိမ် ညီလာခံကနေပြီး ခေါင်းဆောင်သစ်တွေကို ပြောင်းလဲရွေးချယ် ခဲ့ပါတယ်။
UNFC ဥက္ကဌ နဲ့ အဖွဲ့ကိုဦးဆောင်ကြမယ့် ထိပ်သီးခေါင်းဆောင် ၅ ဦးကို ရွေးချယ်ခဲ့ပြီး၊ ဗဟိုအလုပ်အ မှုဆောင် ကော်မတီဝင် ၉ ဦးကို အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။
ခေါင်းဆောင်သစ်တွေကတော့ UNFC ဥက္ကဌ အဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဌ ဒေါက်တာ ခင်မောင်၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ဆေအွန် နဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်တွေ အဖြစ် ဦးထွန်းဇော် ၊ နိုင်အောင်မငေး၊ ဗိုလ်ချူပ်ဘီထူး နဲ့ ဗိုလ်မှူးကြီး မင်းထွန်း တို့ကိုရွေးချယ်ခဲ့ကြပါတယ်။
UNFC အဖွဲ့ကို အရင်က ကောင်စီဝင် ၂၃ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၂ ဦး နဲ့ ဖွဲ့စည်းထား ခဲ့ရာက အခုညီလာခံက အသစ်ပြန်လည်ဖွဲ့စည်းရာမှာတော့ ကောင်စီဝင် ၁၅ ဦး၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဝင် ၉ ဦး နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကချင်အမျိုးသားအစည်းအရုံး KNO အဖွဲ့တို့က UNFC အဖွဲ့ဝင်အဖြစ် ပြန်ဝင်ခွင့်ပြုဖို့ ကိစ္စကိုတော့ ဒီညီလာခံကနေပြီး UNFC ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်လို့သိရပြီး မကြာခင်ကျင်းပမယ့် UNFC ကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်သစ်လျှောက်ထားတဲ့အဖွဲ့တွေ နဲ့ မေးမြန်းဆုံးဖြတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။