စိတ်ကြွ ဆေးပြားထုတ်လုပ်မှု များလာနေ

အာရှဒေသတွင်း မူးယစ်ဆေးဝါး ပြသနာ ကြီးထွားလာနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ အဓိကကျတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောဆိုလိုက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းတွေမှာလည်း ပူပေါင်းပါဝင်ဖို့ကို မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

2012.12.13
incb-unodc-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ် ဆေးဝါးနှိမ်နင်းရေး အေဂျင်စီရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Gary Lewis (ယာ)နှင့် INCB ဗဟိုဦးစီး အဖွဲ့ဝင် Dr Virooj Sumyai(ဝဲ) တို့ကိုတွေ့ရစဉ်။
Photo courtesy of Pimuk Rakkanam

ဒေသတွင်းမှာ Methamphetamine ခေါ် စိတ်ကြွဆေး ထုတ်လုပ်မှုမှာလည်း မြန်မာနိုင်ငံဟာ အဓိက ကျတဲ့ နေရာတခု ဖြစ်နေတာတွေရတယ်လို့ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ေးဆးဝါးတိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်၊

လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ဒီစိတ်ကြွဆေးပြားတွေ စထွက်လာတာဖြစ်ပြီး ဒါကို သုံးစွဲလာတဲ့ နှုန်းဟာလည်း မြင့်လာနေတယ်လို့ UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက မြန်မာနိုင်ငံအတွင်းမှာ စိတ်ကြွဆေးပြား ၆သန်းနီးပါးလောက် ဖမ်းဆီးမိခဲ့ပြီး၊ အဲဒီပမာဏဟာ ၂၀၁၀ ခုနှစ်ထက် ၂ ဆများလာတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

အဲဒီလို ဖမ်းဆီးမိတဲ့ပမာဏဟာ မြန်မာနိုင်ငံမှာ စိတ်ကြွဆေးပြား ထုတ်လုပ်နေတာရဲ့ အစိတ်အပိုင်းလောက်သာ ရှိပြီး အိမ်နီးခြင်းနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် ရောင်းချနေတာတွေ မပါသေးဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့်မို့ အာရှတိုက်တွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကို တိုက်ဖျက်နိုင်အောင် နိုင်ငံအားလုံး အတူတကွပူးပေါင်းပါဝင်ကြဖို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံကတိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။