ဦးပိုင်ကုမ္ပဏီ တရားစွဲထားတဲ့ လယ်သမား ၃၃ ဦးအမှု စတင်စစ်ဆေး


2014.12.05
farmers-cultivate-305.jpg တောင်သူတွေ ကောက်စိုက်နေစဉ်
Photo: Wai Mar Tun/RFA

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလာမြိုင်ကျေးရွာက လယ်သမား ၃၃ ဦးကို မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားမှုကို ကျောက်တန်း မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

အိုးအိမ်ဦးစီးဌာနက သိမ်းထားတဲ့ လယ်ယာမြေတွေထဲ မှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး မြန်မာ့စီးပွားရေး ကော် ပိုရေးရှင်း ဦးပိုင်လီမိတက်က စက်ရုံမှူး ဗိုလ်ကြီးမောင် ဆန်းက တရားစွဲတာလို့ တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ လယ်သမား ဦးကျော်ကျော်က ပြောပါတယ်။

"၁၅ ရက်နေ့ မနက် ၁ဝ နာရီကို တရားရုံးမှာစစ်မယ် လို့ ပြောပါတယ်၊ ဘာကြောင့်စွဲလည်းဆိုတော့ ကျနော် တို့ဒေသခံ လယ်သမားတွေ ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ လယ်တွေလေ၊ ၉၆၊ ၆၇ မှာ သိမ်းတယ်လို့ပြောတယ်၊ ဘာဥပဒေနဲ့မှ ထုတ်ပြန်မှုမရှိဘူးလေ၊ ၂ဝ၁၄ ထိ ကျနော်တို့ လယ်တွေလုပ်ခဲ့တယ်၊ လုပ်နေတဲ့အခါမှာ ပြီးခဲ့တဲ့ ၂၁ ရက်နေ့က ပိုင်နက်ကျူးလွန်မှုနဲ့ ကျနော်တို့ကို တရားစွဲတာပါ"

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က သီလာမြိုင်ကျေးရွာက လယ်သမား ၅၀ နီးပါး လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၉၀၀ ကျော်ကို အိုးအိမ်ဦးစီးဌာနက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

သိမ်းယူစဉ်က လယ်တစ်ဧကအတွက် ငွေကျပ် ၂ သောင်းနှုန်းနဲ့ လျော်ကြေးပေးခဲ့ပြီး လယ်သမားတွေကို သီးစားချငှားရမ်းခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ၂၀၀၀ ခုနှစ်မှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဦးပိုင်လီမိတက်ထံ လွဲှပြောင်းခဲ့ရာ ဧက ၁၀၀ လောက်မှာ ဦးပိုင်လီမိတက်က သဘောၤဖျက်တဲ့စက်ရုံကို တည်ဆောက်ခဲ့တယ်လို့ လယ်သမားတွေက ဆိုပါတယ်။

လယ်သမား ၃ဝ ကျော်က ကျန်တဲ့လယ်ယာမြေဧက ၈၀၀ လောက်မှာ ဒီနှစ် မေလအထိ ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် စက်ရုံမှူးက တရားလိုလုပ်ပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။