မြန်မာ့အရေး ပါဝင်ဦးဆောင်ဖို့ ကန် သံဟောင်းပြောကြား


2016.04.01

အမေရိကန်အစိုးရအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေမှာ အဓိက ဦးဆောင်မှု အခန်းက ပါဝင်နိုင်ရေးအတွက် ပိတ်ဆို့မှုတွေကို လျှော့ချသင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်း တစ်ဦးက ပြောကြားလိုက်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးမှာသာမက စီးပွားရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက အခုထက်ပိုမို ဆောင်ရွက်သင့်ကြောင်း၊ အဲ့ဒီလိုလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို အရင်ဆုံးပြောင်းဖို့လိုကြောင်းနဲ့ ရွေးကောက်ပွဲပြီးစီးသွားပြီဖြစ်ပေမယ့် မြန်မာပြည်ဟာ စစ်မှန်တဲ့ဒီမိုကရေစီ စနစ် ဖြစ်ပေါ်ရေးဆိုတဲ့ အိပ်မက်နဲ့ အလှမ်းဝေးနေဆဲဖြစ်ကြောင်း မြန်မာပြည်မှာ အမေရိကန်သံရုံး ယာယီ တာဝန်ခံအဖြစ် တာဝန်ယူဖူးတဲ့ Priscilla Clapp က US News and World Report အမေရိကန် သတင်းစာစောင် မှာ ဧပြီလ ၁ ရက်နေ့စွဲနဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။

စစ်အစိုးရလက်အောက်မှာ အနှစ် ၅ဝ ကျော်နေခဲ့ရတဲ့ မြန်မာပြည်ဟာ အဖက်ဖက်မှာ ချွတ်ခြုံကျနေကြောင်း၊ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ ပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းချက်တွေကို အမေရိကန်အစိုးရက ဖယ်ရှားပေးသင့်ကြောင်းနဲ့ မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အမေရိကန် ပြည်ထောင် စုအတွက် အကျိုးများစွာရရှိနိုင်တဲ့ နိုင်ငံဖြစ်ကြောင်း စသဖြင့်လည်း  အမေရိကန် သံတမန်ဟောင်း ပရစ်စီလာ က ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။