မြန်မာဒုက္ခသည်တွေကို အမေရိကန်ခေါ်ယူမှု ရပ်ဆိုင်း


2014.01.29
refugee_camp_demonstration_305px.jpg နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းတွင်းရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ဆန္ဒပြနေစဉ်
Photo sent by RFA listener

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စု က ခေါ်ယူနေတာကို ရပ်ဆိုင်းလိုက်ပြီလို့ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့် ရဖို့လျှောက်လွှာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က နောက်ဆုံးထားလက်ခံပြီးတဲ့နောက် ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၅ ခုနှစ်ကနေစပြီး မြန်မာဒုက္ခသည် ၇ သောင်း ၃ ထောင် လက်ခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာဌာန လက်ထောက်အတွင်းရေးမှူး Anne Richard က ပြောပါတယ်။

နောက်ထပ် ဒုက္ခသည် ၂ သောင်းလောက်ကိုတော့ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်နဲ့ဂျပန်နိုင်ငံတွေကို ၉ နှစ်အတွင်း ပို့ပေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းပေါင်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၂ သောင်းလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။