ကယားပြည်နယ်က တိုက်ခိုက်မှု အမေရိကန်ပြည်ထောင်စု ရှုတ်ချ

2021.12.28
ကယားပြည်နယ်က တိုက်ခိုက်မှု အမေရိကန်ပြည်ထောင်စု ရှုတ်ချ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကို ၂ဝ၂၁ ဇန်နဝါရီလ ၁၉ ရက်နေ့က နယူးယောက်မြို့တွင် တွေ့ရစဉ်။
Photo: Reuters

ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ရက်က ကယားပြည်နယ်မှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံတကာကူညီမှုအဖွဲ့ တစ်ခုဖြစ်တဲ့ Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦးအပါအဝင် လူနည်းဆုံး ၃၅ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စကို အမေရိကန် ပြည်ထောင်စုက အပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ အထူးသဖြင့် အခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားနေတဲ့ ကရင်နဲ့ ကယားပြည်နယ်တွေမှာ မြန်မာစစ်အုပ်စုရဲ့ ရက်စက်မှုတွေဟာ သတိထားစရာတွေ ဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးသူတွေကို ပစ်မှတ်ထားနေတာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

စစ်တပ်က မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေတဲ့အပေါ်မှာ တာဝန်ရှိသူတွေကို အရေးယူဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ရက်စက်တဲ့ဖိနှိပ်မှုတွေဆက်ပြီး မဖြစ်ရအောင် မြန်မာစစ်တပ်ကို လက်နက်နဲ့ နည်းပညာရောင်းနေတာတွေကို ရပ်တန့်ဖို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အခုထက်ပိုပြီး ထိထိရောက်ရောက် ကာကွယ်တားဆီးရလိမ့်မယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။