ဝန်ကြီးအဆင့် တာဝန်ယူနိုင်သူကို မဲပေးပါလို့ USDP ပြော
2015.11.02

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ်က ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ပြည်နယ်အဆင့်ဝန်ကြီးနေရာအတွက်တောင် တာဝန်ပေးမခံရတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည် နယ်ဝန်ကြီးအဆင့် တာဝန်ယူနိုင်သူတွေကို မဲပေးကြဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးထွေးလှ က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်း ၆ ဦးက ကျောက်ဖြူမြို့နယ်မှာ မနေ့က မဲဆွယ်ဟောပြောရာ ကျောက်ဖြူ မြို့နယ်ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးထွေးလှက ပြောတာဖြစ်ပါတယ်။
"ကျောက်ဖြူမြို့နယ်မှာ ၂ဝ၁ဝ ခုနှစ်တုန်းက ရွေးချယ်ခံလိုက်ရတဲ့ ရခိုင်ပြည်နယ်အဆင့် ဝန်ကြီးအဆင့် မှာတောင် နေရာမရလိုက်တဲ့အတွက်ကြောင့် ကျနော်တို့ ကျောက်ဖြူ မြို့နယ်အနေနဲ့ လာမယ့်ရွေးကောက်ပွဲ မှာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့က မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်တဲ့ ဝန်ကြီးအဆင့်လောက်၊ ဝန်ကြီးချုပ်အဆင့်လောက်ထိ တက်နိုင်တဲ့ပုဂ္ဂိုလ်များကို ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်"
တိုင်းရင်းသားတွေ တောင့်တနေတဲ့ ဖက်ဒရယ်မူစစ်စစ်ကို ဖော်ဆောင်နိုင်ဖို့အတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို မဲပေး ဖို့လည်း ပြောခဲ့ပါတယ်။
ဒီမဲဆွယ်ပွဲကို ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့က ဒေသခံ ၁၅၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။