ဒေါ်အောင်ဆန်းစုကြည် တောင်း ဆိုချက် ပါတီစုံစနစ်လက်ခံသူတွေ အထင်လွဲနိုင်လို့ ဦးဌေးဦးပြော
2013.12.04

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်း ဆိုချက်ဟာ ပါတီတစ်ခုတည်းရဲ့ တောင်းဆိုချက်ဖြစ် တာကြောင့် ပါတီစုံစနစ်ကို လက်ခံသူတွေအကြား အထင်အမြင်လွဲစရာရှိနိုင်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ် ပိတ်ပင်ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြုပြင်ဖို့လိုအပ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဖြစ်သူ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့တော့ အားလုံးဆွေးနွေးကြရမှာဖြစ်ကြောင်း၊ လတ်တလော မဝေဖန်လိုကြောင်း ဦးဌေးဦးက ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါ တယ်။
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့ တွေ့ ဆုံဆွေးနွေးဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီခေါင်းဆောင် ဦးဟန်ရွှေတို့ရဲ့အမြင်တွေ ကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီအတွင်းရေးမှူး မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။