အခြေခံဥပဒေ ပြင်ဆင်ရေး ကော် မတီထံ သူရဦးရွှေမန်း အကြံပြု စာပေးပို့


2014.02.18
ushweman-305 ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo from youtube

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖေါ်မှု ကော်မတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ကို လေ့လာသုံးသပ် အကြံပြုဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ထံပေးပို့တဲ့  အကြံပြုစာထဲမှာ ထည့်သွင်းဖေါ်ပြထား ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီ ဥက္ကဌက ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အခြေခံမူတွေ ချမှတ်ပေးဖို့ လွှတ်တော်နာယကဆီ စာရေးသားတောင်းဆို ခဲ့တာကြောင့် အကြံပြုစာကို ပေးပို့ထားကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့ပါတယ်။

"ကော်မတီဥက္ကဌက ပြည်ထောင်စုလွှတ်တော် နာယက ကျွနု်ပ်ထံသို့ အခြေခံမူချမှတ်ပေးရန် စာရေးသားတင်ပြလာပါတယ်၊ ယခုလို ကော်မတီရဲ့ စာဖြင့် ရေးသားတင်ပြချက်အရ ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် ကြားသိတွေ့မြင်နေရ တဲ့ ပြည်သူများရဲ့အသံ ပြည်သူများရဲ့ဆန္ဒများကို အလေးထားဂရုပြုလျှက် အဖက်ဖက်မှ လေ့လာသုံးသပ်ပြီး ကော်မတီရဲ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင် အဆင်ပြေစေရေးအတွက် လုပ်ငန်းဆိုင်ရာ အခြေခံမူအဖြစ် သုံးသပ်ဆောင်ရွက်နိုင်ရန် ကော်မတီသို့ စာတစ်စောင်ပေးပို့ထားကြောင်း အသိပေးတင်ပြအပ်ပါသည်"

နာယကရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကြံပြုစာထဲမှာ တပ်မတော်ရဲ့ လွှတ်တော်အတွင်းပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိနိုင်ဖု့ိ၊ ဗဟိုဦးစီးစနစ်လျှော့ချပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှု အခွင့်အရေးစတဲ့ ကိစ္စရပ်တွေအတွက် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့အတွက်လည်း လေ့လာဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံတော်သမ္မတ ရွေးချယ်မှုပုံစံဟာ ပါလီမန်စနစ်ရဲ့ ဝန်ကြီးချုပ် ရွေးချယ်ရေးပုံစံလို ဖြစ်နေ တာကြောင့် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့ လေ့လာသုံးသပ်ပေးဖို့ကိုလည်း ပြောထားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းစာပါ အချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းစာပါ အချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဘွဲ့ဒူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။