ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်
2012.08.04

AFP
ဦးတင်အောင်မြင့်ဦး ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။
အဲဒီနောက်ပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို အခုလို အဆို တင်သွင်းလာကြတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေက တစုံတရာ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။