မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံတောင်းဆို

RFA Burmese
2024.07.27
မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံတောင်းဆို ဗီယက်နမ် နိုင်ငံခြားရေးဌာန ဒုဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး (ဝဲမှ ယာ)တို့အား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ ဒီအကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး တင်းမာမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံထိပ်တန်းခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်၊ တရုတ်၊ ရုရှား သုံးနိုင်ငံ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အစည်းအဝေးအပြီး ဇူလိုင် ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ အကြမ်းဖက်မှုကျူးလွန်ရာမှာ ပါဝင်သူအားလုံးကိုလည်း တိကျတဲ့အရေးယူမှုတွေလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေပြီး ဒီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေသူတွေထံ လူမျိုးဘာသာခွဲခြားမှုမရှိဘဲ ကောင်းမွန် လုံခြုံစွာပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက အာမခံချက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံက ဆက်လက်တောင်းဆိုနေပေမဲ့ အခုအချိန်အထိ အာဏာသိမ်းစစ်ကောင်စီက လစ်လျူရှုထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။